မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ စီးပွားရေးဆိုင်ရာ မူဝါဒနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ချုပ်ရေးစနစ် ပေါ်ပေါက် လာဖို့အတွက် အမေရိကန် အစိုးရနဲ့ လွှတ်တော်က ဥပဒေသစ်နဲ့ ပြသလိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက ပြောလိုက်ပါတယ်။ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းကြီးတွေ က မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့နိုင်ရေး အမေရိကန်က ထောက်ခံတဲ့ ဥပဒေကို သမ္မတ ဘရက်အိုဘားမား (Barack Obama) က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီး နောက်မှာ ဒုတိယ ဘဏ္ဍာရေးဝန်ကြီး Neal Wolin က ကြေညာချက်ထုတ်ပြန် ပြောလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြထားပါတယ်။
အရင်စစ်အစိုးရအပေါ် အမေရိကန် အစိုးရက အရေးယူ ဒဏ်ခတ်ခဲ့တဲ့ထဲမှာ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းကြီးတွေက မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့မှု မပေးရဆိုတာ ပါပါတယ်။ အဲဒီပိတ်ဆို့ ဒဏ်ခတ်မှုကို ဖယ်ရှားပေးပြီး မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့မှုတွေ ပြန်ပေးနိုင်ရေး ဥပဒေကို သောကြာနေ့က သမ္မတ Barack Obama က လက်မှတ်ရေးထိုး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ အကူအညီပေးရေးကို အမေရိကန်က ထောက်ခံတဲ့ ဥပဒေကြမ်းကို အမေရိကန် လွှတ်တော် ၂ ရပ်လုံးမှာ အတည်ပြုခဲ့ပြီးနောက် သမ္မတက လက်မှတ်ထိုး ဥပဒေပြဌာန်းခဲ့တာ ဖြစ်ပါတယ်။
ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ စီးပွားရေးမူဝါဒနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ် ပေါ်ပေါက်လာဖို့အတွက် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ထောက်ခံကြောင်း အမေရိကန်အစိုးရနဲ့ လွှတ်တော်က ပြသလိုက်တာဖြစ်တယ်လို့ လက်ထောက် ဘဏ္ဍာရေးဝန်ကြီး Neal Wolin က ကြေညာချက် ထုတ်ပြန်ပြောကြား ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အလုံးစုံ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ နိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းထဲကို တသားတည်းအဖြစ် ပြန်လည်ဝင်ရောက်နိုင်ဖို့လည်း ဒီဥပဒေက အထောက်အကူ ဖြစ်စေမယ် လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အရင်အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကြောင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့လို နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ အနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ပေးလို့ မရခဲ့ပါဘူး။ သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်မှာတော့ IMF က ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေကို ပေးနေပါတယ်။ ကမ္ဘာ့ဘဏ်တို့ အာရှဖွံ့ဖြိုးရေးဘဏ် တို့က မြန်မာနိုင်ငံကို ပြန်လည် ငွေချေးဖို့ ကိစ္စကတော့ အရင်တင်နေတဲ့ အကြွေးတွေ ပြန်ဆပ်တဲ့ အပေါ်မှာလည်း မူတည်နေပါတယ်။ ဒီလို နိုင်ငံတကာ ဘဏ္ဍာရေး လုပ်ငန်းကြီးတွေရဲ့ ဆောင်ရွက် ချက်တွေ၊ မူဝါဒတွေအပေါ်မှာ လွှမ်းမိုး လုပ်ပိုင်ခွင့်ရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥပဒေသစ်ကို အကောင်အထည် ဖော်ခြင်းအားဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု ရှိတဲ့ မြန်မာအစိုးရ ဖြစ်လာရေး၊ ပြုပြင်ပြောင်းလဲရေးတွေမှာ ရှေ့တိုးဆောင်ရွက်အောင် တွန်းအားပေးနိုင်လိမ့်မယ်လို့ အမေရိကန် လက်ထောက် ဘဏ္ဍာရေးဝန်ကြီး Neal Wolin ကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ အပေါ်မှာ တဆင့်ချင်း တုံ့ပြန်သွားမယ်လို့ ပြောထားတဲ့ အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့ထားတဲ့ ဒဏ်ခတ်မှုတွေကို တခုချင်း ဖယ်ရှားပေးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လ ကုန်ပိုင်း အမေရိကန်မှာ ရောက်နေတဲ့ သမ္မတဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hllary Clinton) တွေ့ဆုံ ခဲ့ပြီးနောက်မှာလည်း မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေကို အမေရိကန်ပြည်ထောင်စုဆီ တင်သွင်းခွင့် ပိတ်ပင်ထားတာကို ပြန်လည် ခွင့်ပြုတော့မယ်လို့ အမေရိကန်အစိုးရက ကြေညာခဲ့ပါတယ်။