သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိက ထိပ်သီးပွဲ ကျူ းဘား တက်ရောက်မှု Obama ကျေနပ်


အမေရိကတိုက်နိုင်ငံများ ထိပ်သီးအစည်းအဝေး အိုဘားမား မိန့်ခွန်းပြော။ (ဧပြီ ၁၀၊ ၂၀၁၅)
အမေရိကတိုက်နိုင်ငံများ ထိပ်သီးအစည်းအဝေး အိုဘားမား မိန့်ခွန်းပြော။ (ဧပြီ ၁၀၊ ၂၀၁၅)

အမေရိကတိုက်နိုင်ငံများ ထိပ်သီးအစည်းအဝေးမှာ ကျူးဘားနိုင်ငံ ပထမဆုံးအကြိမ် အဖြစ် တက်ရောက်လာတဲ့အပေါ် သူ့အနေနဲ့ ကျေနပ်မိတယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားကပြောလိုက်ပါတယ်။ ကျူးဘားသမ္မတ ရာအူးလ် ကက်စထရိုနဲ့ တွေ့ဆုံဖို့ခန့်မှန်းထားတဲ့ရက်မတိုင်ခင် တရက်မှာပဲ မစ္စတာအိုဘားမားက အဲဒီလိုပြောတာပါ။

အမေရိကန်နဲ့ ကျူးဘားအကြား သံတမန်ဆက်ဆံရေး ပြန်ထူထောင်ဖို့ ကြိုးပမ်းချက်တွေကနေ ကျူးဘားလူထုရဲ့ဘ၀ တိုးတက် လာမယ်လို့ သူမျှော်လင့်တဲ့အကြောင်း ထိပ်သီးအစည်းအဝေးကျင်းပတဲ့ ပနားမားစီးတီးမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေကို သောကြာနေ့ကပြောတဲ့မိန့်ခွန်းထဲ သမ္မတအိုဘားမားက ပြောသွားပါတယ်။

အရပ်ဘက်လူမှုအဖွဲ့အစည်းဟာ မိမိတို့တိုင်းပြည်တွေရဲ့ ကိုယ်ကျင့်အသိတရားဖြစ်တယ်လို့ မစ္စတာအိုဘားမားက ပြောပါတယ်။ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဟာ အပြောင်းအလဲအတွက် အထောက်အကူဖြစ်ကြောင်း၊ အားကောင်းတဲ့နိုင်ငံတွေဟာ တက်ကြွတဲ့နိုင်ငံသားတွေကို မကြောက်ရွံ့ဘဲ လက်ခံကြိုဆိုပြီးတော့ အထောက်အပံ့ပြု အားပေးတဲ့အကြောင်း မစ္စတာအိုဘားမား ကပြောပါတယ်။

အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားနဲ့ ကျူးဘားသမ္မတ ရာအူးလ် ကက်စထရိုတို့ဟာ ထိပ်သီးအစည်းအဝေးပြင်ပမှာ အလွတ် သဘော တွေ့ဆုံဖွယ်ရှိတယ်လို့ သမ္မတရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုတိယအကြံပေးပုဂ္ဂိုလ် Ben Rhodes က ပနားမားစီးတီး မှာ သတင်းထောက်တွေကို သောကြာနေ့က ပြောပါတယ်။ ဆွေးနွေးပွဲရဲ့ အသေးစိတ်တွေကိုတော့ စီစဉ်နေတုန်းပဲလို့လဲ သူက ပြောပါတယ်။

XS
SM
MD
LG