သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးနည်းသက်သက်ဖြင့် ဆီးရီးယားပြဿနာ ဖြေရှင်းနိုင်မည် မဟုတ်


ရုရှားနိုင်ငံ၊ စိန့်ပီတာစပတ်မြို့မှာ G-20 စည်းဝေးပွဲတက်ရောက်နေတဲ့ အမေရိကန်သမ္မတ ဘာရက်အိုဘားမား။ (စက်တင်ဘာ ၆၊ ၂၀၁၃)
ရုရှားနိုင်ငံ၊ စိန့်ပီတာစပတ်မြို့မှာ G-20 စည်းဝေးပွဲတက်ရောက်နေတဲ့ အမေရိကန်သမ္မတ ဘာရက်အိုဘားမား။ (စက်တင်ဘာ ၆၊ ၂၀၁၃)
ဆီးရီးယားနိုင်ငံက ပြည်တွင်းစစ်ပွဲ ပြီးဆုံးစေဖို့အတွက် စစ်ရေးအရဖြေရှင်းတဲ့ နည်းတခုတည်းနဲ့ မတတ်နိုင်ဘူးလို့ အမေရိကန်သမ္မတ Barack Obama ကပြောကြားလိုက်ပါတယ်။ St. Petersburg မှာ ကျင်းပတဲ့ G-20 စက်မှုထိပ်သီးနိုင်ငံ ၂၀ ရဲ့ အစည်းအဝေးမှာ ပြင်သစ်သမ္မတ Francois Hollande နဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူတာဟာ ဆီးရီးယားအာဏာရှင်အစိုးရကို ဓာတုလက်နက်သုံးစွဲမှု ထပ် မလုပ်အောင် ရည်ရွယ်တာလို့ ဆိုပါတယ်။ ဒါပေမယ့် ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ ဆီးရီးယားမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ကြွယ်ဝလာဖို့အပြင် တရားသဖြင့်အုပ်ချုပ်မှု ရှိလာစေဖို့အတွက် ဝိုင်းပြီး လုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆီးရီးယားနိုင်ငံ ဒမတ်စကဒ်စ် မြို့တော်နားမှာ အရပ်သားတွေကို ဓာတုလက်နက်သုံးတိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားအစိုးရအပေါ်မှာ စစ်ရေးအရ အရေးယူဖို့ သမ္မတအိုဘားမားရဲ့ပန်ကြားချက်ကို ပြင်သစ်သမ္မတက ထောက်ခံပါတယ်။

ရုရှားသမ္မတ Vladimir Putin ကတော့ ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူမှာကို ကန့်ကွက်ခဲ့တာဖြစ်ပြီး ဆီးရီးယားပြည်တွင်းစစ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြားဝင်ဆောင်ရွက်မှာကို ရုရှားကရော တရုတ်ကပါ ကန့်ကွက်ပါတယ်။

အမေရိကန်အစိုးရအဖွဲ့ရဲ့ ဆီးရီးယားအပေါ် အကန့်အသတ်နဲ့ အရေးယူမှုဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံ တနိုင်ငံအနေနဲ့ လုပ်သင့်တဲ့ အလုပ်လို့ ကုလသမဂ္ဂရဲ့ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Samantha Power ကပြောပါတယ်။ အခုလို အရေးမယူရင် အာဆတ် အစိုးရရဲ့ ဓာတုလက်နက် သုံးစွဲမှုကို ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
XS
SM
MD
LG