သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump လက်ထက် NATO နဲ့ဆက်ဆံရေးခိုင်မာဖို့ အိုဘားမားကြိုးစား


သမ္မတအိုဘားမား ဂရိနိုင်ငံရောက်ရှိ
သမ္မတအိုဘားမား ဂရိနိုင်ငံရောက်ရှိ

အမေရိကန်သမ္မတ ဘရာ့ခ်အိုဘားမားဟာ ဒီကနေ့ ဂရိနိုင်ငံမှာ ရောက်ရှိနေပြီး နောက်တက်မယ့် သမ္မတ Donald Trump လက်ထက်မှာ လည်း မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO နဲ့ပတ်သက်လို့ အမေရိကန်ရဲ့ ရပ်တည်ချက် ဆက်လက် ခိုင်မာနေမယ်ဆိုတာကို ဥရောပနိုင်ငံတွေကို အာမခံဖို့ ကြိုးစားနေပါတယ်။

အမေရိကန်ပြည်ထောင်စုကနေ မထွက်ခွာခင် ရွေးကောက်ခံသမ္မတ Trump နဲ့ တွေ့ဆုံချိန် မစ္စတာ Trump က သူ့လက်ထက်မှာ အမေရိကန်ရဲ့ အရေးပါတဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေး ဆက်လက် ထားရှိသွားမှာဖြစ်တယ် ဆိုတာကို သူ့ကို ပြောခဲ့တဲ့အကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။

သမ္မတသက်တမ်းမကုန်ခင် နောက်ဆုံးအကြိမ် နိုင်ငံရပ်ခြား ခရီးစဉ်ရဲ့ ပထမ ခရီးတထောက်အဖြစ် ဂရိနိုင်ငံကို သမ္မတအိုဘားမား ရောက်နေတာပါ။

ဂရိဝန်ကြီးချုပ် Alexis Tsipras အပါအဝင် ဂရိခေါင်းဆောင်တွေနဲ့ သမ္မတ အိုဘားမား ဒီကနေ့ တွေ့ဆုံမှာဖြစ်ပြီး မစ္စတာ Tsipras တို့ တွေ့ဆုံပြီးတဲ့အခါ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ တရပ် ကျင်းပဖို့လည်း စီစဉ်ထားပါတယ်။ ဂရိနိုင်ငံအပြင် ဂျာမနီနဲ့ ပီရူးနိုင်ငံတွေကိုပါ သွားရောက်မယ့် သမ္မတ အိုဘားမားရဲ့ ခရီးစဉ် တလျှောက်မှာတော့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ပတ်သက်လို့ အဓိက အကြောင်းအရာတရပ်အဖြစ် ဆွေးနွေးသွားနိုင်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Ben Rhodes က ပြောထားပါတယ်။

ဂျာမနီနိုင်ငံ ခရီးစဉ်အတွင်းမှာတော့ ဂျာမနီဝန်ကြီးချုပ် Angela Merkel က ဆွေးနွေးပွဲတရပ်ကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးမှာဖြစ်ပြီး အဲဒီဆွေးနွေးပွဲကိုတော့ ဗြိတိန်၊ ပြင်သစ်၊ အီတလီနဲ့ စပိန်နိုင်ငံ တွေက ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာပါ။

သောကြာနေ့ ကျင်းပမယ့် အဲဒီဆွေးနွေးပွဲမှာ IS စစ်သွေးကြွ ချေမှုန်းရေး၊ ရွှေ့ပြောင်းဒုက္ခသည်အရေး၊ ယူကရိန်းပဋိပက္ခနဲ့ ပြီးခဲ့တဲ့သီတင်းပတ်ထဲ ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲ အကြောင်းတွေကို ဆွေးနွေးကြလိမ့်မယ်လို့ ယူဆရပါတယ်။

ဂရိနိုင်ငံရောက် သမ္မတအိုဘားမား ဘဏ္ဍာရေးကိစ္စ ဆွေးနွေးမည်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG