သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား သမ္မတ သက်တမ်း နောက်ဆုံးနှစ်နဲ့ သေနတ်ထိန်းချုပ်ရေး


သမ္မတ အိုဘားမား အိမ်ဖြူတော်တွင် မိန့်ခွန်းပြောစဉ် ( ဒီဇင်ဘာ ၁၈ ၊ ၂၀၁၅)
သမ္မတ အိုဘားမား အိမ်ဖြူတော်တွင် မိန့်ခွန်းပြောစဉ် ( ဒီဇင်ဘာ ၁၈ ၊ ၂၀၁၅)

အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားဟာ အားလပ်ရက် အပန်းဖြေရာကနေ ပြန်လာနေပြီဖြစ်ပြီး ဒီနှစ်ဟာ သူ့ရဲ့ သမ္မတ သက်တမ်း နောက်ဆုံးနှစ် ဖြစ်ပါတယ်။

သမ္မတ အိုဘားမား၊ သမ္မတ ကတော် မစ်ရှဲလ် အိုဘားမားနဲ့ သမီး ၂ ဦးတို့ သတင်း ၂ ပတ်ကြာ ခရစ်စမတ် အားလက်ရက် အဖြစ်နဲ့ သမ္မတ အိုဘားမားရဲ့ ဇာတိ ဟာဝိုင်အီကို သွားရောက်ခဲ့တာ ဖြစ်ပြီး မနေ့ စနေနေ့ နှောင်းပိုင်းက ပြန်လည်ထွက်ခွာလာကြပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ကယ်လီဖိုးနီးယား ပြည်နယ် San Bernardino မြို့က သေနတ် ပစ်ခတ်မှု အပါအဝင် ဒီနှစ်ပိုင်းတွေ အတွင်း အမေရိကန် ပြည်ထောင်စု အတွင်း ဖြစ်ပွားခဲ့တဲ့ လူအများအပြား သေဆုံးဒဏ်ရာရတဲ့ သေနတ်ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး အရေးယူ ဆောင်ရွက်မှု အနေနဲ့ သေနတ်ရောင်းချမှုမှာ နောက်ကြောင်းရာဇဝင် တိုးချဲ့ စစ်ဆေးရေး ရည်ရွယ်ထားတဲ့ သမ္မတရဲ့ အမိန့် ထုတ်ပြန်ဖို့ နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ သမ္မတ အိုဘာမားဟာ မနက်ဖြန် တနလာၤနေ့မှာတော့ ရှေ့နေချုပ် Loretta Lynch နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

လက်ကျန် သမ္မတ သက်တမ်း အတွင်း နောက်ဆုံး နိုင်ငံတော် အခြေပြ မိန့်ခွန်းကို ဇန်နဝါရီလ ၁၂ ရက်နေ့ ကွန်ဂရက်စ် လွှတ်တော်မှာ မပြောကြားခင် ရက်ပိုင်းအလိုလောက်မှာ ဒီအမိန့်ကို ကြေညာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

သူ့အရင်က အမေရိကန် သမ္မတတွေ အတိုင်းဘဲ သမ္မတ အိုဘားမားဟာ သမ္မတ သက်တမ်း နောက်ဆုံးနှစ် အတွင်း နိုင်ငံခြား ဆက်ဆံရေးကို ဖိဖိစီးစီး လုပ်ကိုင်လိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ဆောင်ရွက်မယ့် ထိပ်တန်း ဦးစားပေး လုပ်ငန်းတွေထဲမှာတော့ နိုင်ငံပေါင်း ၁၂ နိုင်ငံ ပါဝင်တဲ့ ပစိဖိတ် သမုဒ္ဒရာ တဖက် တချက် နိုင်ငံများရဲ့ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက် အခိုင်အမာ ဖြစ်လာရေး အပါအဝင် ကျူးဘားနိုင်ငံကို သွားရောက်ဖို့လည်း အလားအလာ ရှိနေပါတယ်။

ဆယ်စုနှစ် ၅ ခုကျော်ကြာ စစ်အေးခေတ် ရန်စောင်မှုတွေကို အဆုံးသတ်ပြီး ကွန်မြူနစ် ကျူးဘားနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုကြား ပုံမှန် သံတမန် ဆက်ဆံရေးကို ပြီးခဲ့တဲ့နှစ်က ပြန်လည် ထူထောင်နိုင်ခဲ့ပြီး သံတမန်ရေး ပြန်ပြီးထူထောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG