သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး အစီအစဉ် အမြန်ဆုံး အတည်ပြုပေးဖို့ သမ္မတ အိုဘားမား လွှတ်တော်ကို တိုက်တွန်း


စီးပွားရေး အစီအစဉ် အမြန်ဆုံး အတည်ပြုပေးဖို့ သမ္မတ အိုဘားမား လွှတ်တော်ကို တိုက်တွန်း
စီးပွားရေး အစီအစဉ် အမြန်ဆုံး အတည်ပြုပေးဖို့ သမ္မတ အိုဘားမား လွှတ်တော်ကို တိုက်တွန်း

အမေရိကန် ပြည်ထောင်စုမှာ အလုပ်လက်မဲ့ ပြဿနာ ကြီးထွားလာနေပြီး ဒီကိစ္စကို ဖြေရှင်းဖို့အတွက် အလုပ်အကိုင် ရရှိရေး ဖန်တီးပေးမယ့် သမ္မတ အိုဘားမား (Barack Obama) ရဲ့ အစီအစဉ်တွေကို အမေရိကန် လွှတ်တော်မှာ သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။ ဒါကို ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။

မကြာခင်ကပဲ ထွက်ပေါ်လာခဲ့တဲ့ အလုပ်လက်မဲ့ဦးရေ တိုးပွားမှု ကိန်းဂဏန်းတွေအရ စီးပွားရေး ကျဆင်းနေတဲ့ အမေရိကန် ပြည်ထောင်စုမှာ နောက်တကြိမ် စီးပွားရေး အကျပ်အတည်း ထပ်ဖြစ်လာမှာကို စိုးရိမ်နေရပါတယ်။

ဒေါ်လာ ဘီလျံနဲ့ချီပြီး သုံးစွဲမယ့် အလုပ်အကိုင် ရရှိရေး ဆောင်ရွက်ဖို့ အစီအစဉ်ကို သမ္မတ အိုဘားမားက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ သူတင်ပြတဲ့ အဲဒီအစီအစဉ်ကို လွှတ်တော်ကနေ ချက်ချင်း အတည်ပြုပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒီအစီအစဉ်ဟာ စွန့်ဦးတည်ထွင် လုပ်ငန်းရှင်တွေကို ခွင့်ပြုကြိုဆိုမယ့် အစီအစဉ်ဖြစ်ပြီး ဒီလုပ်ငန်းရှင်တွေက အကြံဉာဏ်သစ်တွေနဲ့ စီးပွားရေး လုပ်ငန်းအသစ်တွေ အမြန်ဆုံး ဖန်တီးနိုင်အောင် လုပ်ပေးမယ့် အစီအစဉ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ နောက်တကြိမ် စီးပွားရေး အကျပ်ဆိုက်မယ့် အဖြစ်ကို သူ့အနေနဲ့ အဖြစ်မခံဘူးလို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်အောင် လုပ်ကြမယ့် အရေးမှာ ပါတီနိုင်ငံရေးတွေ အငြင်းပွားနေတာ အဆုံးသတ်ကြဖို့ကိုလည်း သမ္မတ အိုဘားမားက တိုက်တွန်းခဲ့ပါတယ်။

စီးပွားရေး တိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် နောက် ၁၄ လအကြာမှာ ဖြစ်လာမယ့် ရွေးကောက်ပွဲ ကျင်းပတဲ့အထိ အမေရိကန် ပြည်သူတွေက စောင့်မနေနိုင်ဘူး၊ နိုင်ငံမှာ အခုကြုံနေရတဲ့ ပြဿနာတွေဟာ လူတွေက ဖန်တီးလို့ ဖြစ်လာတာကြောင့် လူတွေကပဲ အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်ရမယ်လို့ သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG