သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား ဗီယက်နမ်လူငယ်တွေနဲ့ တွေ့ဆုံ


သမ္မတအိုဘားမား ဗီယက်နမ်လူငယ်တွေနဲ့တွေ့ဆုံ
သမ္မတအိုဘားမား ဗီယက်နမ်လူငယ်တွေနဲ့တွေ့ဆုံ

ဗီယက်နမ်နိုင်ငံ သုံးရက်ကြာခရီးစဉ်အတွင်း လူငယ်တွေနဲ့ ပြောဆို ဆွေးနွေးတာကနေ ဗီယက်နမ်နိုင်ငံရဲ့ အနာဂတ်အပေါ် အကောင်းမြင်လာစေတယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ပြောလိုက်ပါတယ်။

ဟိုချီမင်းမြို့တော်မှာ သမ္မတအိုဘားမားနဲ့ ဗီယက်နမ် လူငယ်တွေ ကြား မေးမြန်းဆွေးနွေးခန်းတခုကို ဒီကနေ့လုပ်ခဲ့ပြီး သူ့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတချို့ ကိုလည်း ထူးထူးခြားခြား ထည့်ပြောသွားပါတယ်။ သူ လူငယ်ဘ၀ တုန်းက သိပ်ကြီး လေးနက်လှတာ မဟုတ်ဘူးလို့ သမ္မတအိုဘားမားက ပြောပါတယ်။

အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် YSEALI အစီအစဉ်မှာ ပါဝင်တဲ့ လူငယ် ၈၀၀ လောက်ကို သမ္မတအိုဘားမားက မိန့်ခွန်း ပြောတာပါ။ လူငယ်တွေက အမေရိကန်အလံတွေကို ဝှေ့ယမ်း၊ အားရပါးရ မတ်တတ်ရပ် အော်ဟစ် လက်ခုပ်တီးပြီးတော့ သမ္မတ ကို ကြိုဆိုကြပါတယ်။ YSEALI အစီအစဉ်ဟာ သမ္မတအိုဘားမား စပြီး ချမှတ်ပေးခဲ့တဲ့ အစီအစဉ်တခုဖြစ်ပြီး ၂၀၁၃ ခုနှစ်က စတင်တာပါ။ အရှေ့တောင်အာရှဒေသမှာ ခေါင်းဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အပြန်အလှန် ချိတ်ဆက် ဆက်သွယ်ရေးတွေ အားကောင်းအောင်လုပ်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ သူ့လူငယ်ဘ၀ တစိတ်တပိုင်းကို အရှေ့တောင်အာရှနိုင်ငံတခုဖြစ်တဲ့ အင်ဒိုနီးရှားမှာ စတင်ခဲ့ပြီး ဒီဒေသဟာ သူ့ကို ပုံဖော်ပေးခဲ့ တယ်လို့ သမ္မတအိုဘားမားက စပြောပါတယ်။ တက်ရောက်လာတဲ့ ထဲက လူငယ်တယောက်က တကယ့်ခေါင်းဆောင် တယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အကြံပေးဖို့ သမ္မတ အိုဘားမားကိုမေးပါတယ်။

အခုတက်လာတဲ့ လူငယ်တွေဟာ သူ အဲဒီအရွယ်တုန်းက ရှိခဲ့တဲ့အခြေအနေထက် ပိုပြီး ကောင်းကောင်းပြင်ဆင်ထားပုံ၊ စနစ်တကျရှိပုံရပါတယ်လို့ သမ္မတ အိုဘားမားက ပြန်ဖြေပါတယ်။ သူ့တုန်းကဆိုရင် စာလည်း သိပ်မလုပ်၊ ဘတ်စကက်ဘောကစားတာနဲ့ မိန်းကလေးတွေကို ပိုစိတ်ဝင်စားပြီး အမြဲတမ်း အလေးအနက် ရှိနေခဲ့တာမဟုတ်ဘူး လို့ သမ္မတအိုဘားမားက ပြောသွားပါတယ်။

သမ္မတအိုဘားမား ဗီယက်နမ်လူငယ်တွေနဲ့ တွေ့ဆုံ
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

သမ္မတအိုဘားမား ဗီယက်နမ်လူငယ်တွေနဲ့ တွေ့ဆုံ
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG