သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား ဆော်ဒီဘုရင်နဲ့ တွေ့ဆုံမည်


အမေရိကန်သမ္မတ အိုဘားမားဟာ ဆော်ဒီအာရေးဗီးယား နိုင်ငံကို သွားရောက်နေပြီး ဗုဒ္ဓဟူးနေ့မှာ သမ္မတအိုဘားမား ဆော်ဒီဘုရင် Salman နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဆော်ဒီအာရေးဗီးယားနဲ့ အမေရိကန်ပြည်ထောင်စု ရေရှည်လက်တွဲဘက် မဟာမိတ်နှစ်နိုင်ငံအကြား အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ဒေသတွင်း ပဋိပက္ခတွေအပေါ် အခြေခံပြီး သဘောထား ကွဲလွဲမှုတွေ တိုးလာနေချိန်မှာပဲ သမ္မတအိုဘားမားက အခုလို သွားရောက်တာပါ။

ဒီခရီးစဉ်ဟာ သမ္မတအိုဘားမား သူ့ရဲ့ သမ္မတသက်တမ်းအတွင်း လေးကြိမ်မြောက် ဆော်ဒီအာရေးဗီးယားကို သွားရောက်တဲ့ ခရီးစဉ်ပါ။ လာမယ့် ကြာသပတေးနေ့မှာ အမေရိကန်ပြည်ထောင်စုနဲ့ GCC ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံတွေကြား ထိပ်သီးဆွေနွေးပွဲ ကျင်းပဖို့လည်း ရှိပါတယ်။

ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှာ ပင်လယ်ကွေ့ဒေသ ၆ နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဗီးယား၊ ကူဝိတ်၊ UAE အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကာတာ၊ ဘာရိန်း နဲ့ အိုမန်နိုင်ငံတွေ ပါဝင်ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေး ကိစ္စတွေမှာ ဦးစားပေး ရွေးချယ်မှုနဲ့ မဟာဗျုဟာအရ အခြေခံ ကွဲလွဲချက်တွေ ရှိနေတဲ့အတွက် ဒီကိစ္စတွေကပဲ အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံအကြား ဆက်ဆံရေးမှာ အဓိက အဟန့်အတားတွေအဖြစ် ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG