သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ် အကျိုးဆက် Obama တရုတ်နှင့်ဆွေးနွေးမည်


U.S. President Barack Obama, left, and Chinese President Xi Jinping shake hands before a bilateral meeting at Westlake State House in Hangzhou in eastern China's Zhejiang province, Sept. 3, 2016.
U.S. President Barack Obama, left, and Chinese President Xi Jinping shake hands before a bilateral meeting at Westlake State House in Hangzhou in eastern China's Zhejiang province, Sept. 3, 2016.

G- 20 ထိပ်သီးအစည်းဝေး တက်ရောက်ဖို့ တရုတ်နိုင်ငံကို စနေနေ့မှာ ရောက်သွားတဲ့ အမေရိကန်သမ္မတ Barack Obama က သူဟာ ဒေသတွင်းနယ်မြေပိုင်ဆိုင်မှု အငြင်းပွါးနေတဲ့နေရာတွေမှာ တရုတ်ရဲ့ လုပ်ဆောင်မှုတွေအတွက် နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာနိုင်တယ် ဆိုတာ တရုတ်အစိုးရကို ပြောကြားဖို့ရှိကြောင်း တနင်္ဂနွေနေ့ အမေရိကန် ရုပ်သံ CCN မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

ရေပိုင်နက်ပြဿနာအတွက် နိုင်ငံတကာတရားရုံး ဆုံးဖြတ်ချက်ခံယူမယ်လို့ လက်မှတ်ရေးထိုးထားမယ် ဆိုရင် နိုင်ငံတကာဥပဒေကို လိုက်နာဖို့ လိုအပ်ကြောင်းနဲ့ ကိုယ်က ဖိလစ်ပိုင်တို့၊ ဗီယက်နမ်တို့ တခြားနိုင်ငံတို့ထက် ဘယ်လောက်ပဲ အားကြီးနေပါစေ ဥပဒေကို ချိုးဖေါက်ပြီး နယ်မြေကျူးကျော်တာမျိုး လုပ်လို့ မရကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။

တရုတ်နိုင်ငံဟာ တာဝန်ခံ တာဝန်ယူမှု ရှိဖို့လိုအပ်ပြီး တရုတ်သမ္မတအနေနဲ့ အမေရိကန် ပြည်ထောင်စုကို စံနမူနာအဖြစ်ကြည့်ပြီး တာဝန်ယူမှုရှိတာဟာ နိုင်ငံတနိုင်ငံအတွက် ကိုယ့်သြဇာကိုယ် ထိမ်းထားနိုင်စေတဲ့ အစိတ်ပိုင်းတခုဖြစ်ကြောင်း တရုတ်သမ္မတ Xi Jinping ကို ပြောကြားဖို့ စီစဉ်ထားတယ်လို့ လည်း ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံ ဘက်က တိုးတက်အောင် လုပ်ရမယ့် ကဏ္ဍတွေထဲမှာ လွတ်လပ်ပြီး မျှတတဲ့ ကုန်သွယ်မှုနဲ့ စီးပွါးရေးမူဝါဒတွေ ဖြစ်ကြောင်းလည်း သမ္မတ အိုဘားမားက ပြောပါတယ်။

တရုတ်က ပိုင်ဆိုင်ကြောင်း ကျေညာထားတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲက နယ်မြေ အငြင်းပွါးမှုအတွက် The Hague အခြေစိုက် နိုင်ငံတကာ တရားရုံးက တရုတ်ကို အရှုံးပေးလိုက်တာကို တရုတ်အစိုးရက မကျေမနပ်ဖြစ်နေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG