သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှနဲ့အတူ ရပ်တည်မယ့် သမ္မတအိုဘားမားရဲ့ မူဝါဒ


 ASEAN ခေါင်းဆောင်တွေနဲ့ ထိပ်သီးအစည်းအဝေးအဆုံးမှာ သမ္မတ အိုဘားမားမိန့်ခွန်းပြော
ASEAN ခေါင်းဆောင်တွေနဲ့ ထိပ်သီးအစည်းအဝေးအဆုံးမှာ သမ္မတ အိုဘားမားမိန့်ခွန်းပြော

အမေရိကန်ပြည်ထောင်စုဟာ အရှေ့တောင်အာရှဒေသကလူထုနဲ့အတူ ဆက်ပြီး ရပ်တည်သွားမယ်ဆိုတာ လာအိုနိုင်ငံမှာ ဒေသ တွင်းခေါင်းဆောင်တွေကို သူ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ပြောပါတယ်။

လာမယ့် ဇန်နဝါရီလမှာကုန်ဆုံးမယ့် သူ့ရဲ့သမ္မတသက်တမ်းအတွင်း အရှေ့တောင်အာရှဒေသကို ဦးစားပေး သတ်မှတ်တဲ့ အမေရိကန်မူဝါဒကို သမ္မတအိုဘားမားက ချမှတ်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။ သူ့ကိုဆက်ခံမယ့် နောက်သမ္မတဟာလည်း သူ လုပ်ခဲ့တာကို ဆက်လုပ်သွားမယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း သမ္မတအိုဘားမားက ပြောပါတယ်။

ကူးသန်းရောင်းဝယ်ရေး၊ ကုန်သွယ်ရေးနဲ့ ပတ်သက်လာရင် ဒီနေရာဟာ အဓိကကျပြီး ဒီဈေးကွက်မှာ အရောင်းအဝယ် လုပ်ခြင်း အားဖြင့် အဆုံးတနေ့ အမေရိကန်မှာ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ သမ္မတအိုဘားမားက သတင်းထောက် တွေကို ပြောပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ခေါင်းဆောင်တွေနဲ့ ထိပ်သီးအစည်းအဝေးအဆုံးမှာ သမ္မတ အိုဘားမားက အဲဒီလိုပြောတာပါ။

တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက ပြောထားတဲ့အပေါ် နိုင်ငံတကာ အငြင်းပွားမှု ဖြေရှင်း ရေး ခုံသမာဓိရုံးက ဇူလိုင်လမှာချထားတဲ့ ဆုံးဖြတ်ချက်ရဲ့ အရေးပါပုံကို ASEAN အဖွဲ့အနေနဲ့ အသိအမှတ်ပြုတယ်လို့ ုမစ္စတာ အိုဘားမားက ပြောပါတယ်။ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဒေသတွေမှာ စစ်ရေးတည်ဆောက်တာတွေ မလုပ်ဖို့ ဒါမှမဟုတ် လူမနေ တဲ့ကျွန်းတွေကို သိမ်းပိုက်တာမျိုးမလုပ်ဖို့ အရေးကြီးတယ်လို့လည်း သမ္မတအိုဘားမားက ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG