သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ် အစွန်းရောက်အန္တရာယ် ညီညွတ်စွာ တိုက်ဖျက်ဖို့ အိုဘားမားတိုက်တွန်း


အမေရိကန်သမ္မတ Barack Obama
အမေရိကန်သမ္မတ Barack Obama

အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ဖက်ခြမ်းဒေသတွေမှာ ခြိမ်းခြော်ကလာတဲ့ အစ္စလာမ်မစ်သူပုန်တွေကို တိုက်ခိုက်နှိမ်နင်းနေတဲ့ အီရတ်တပ်ဖွဲ့တွေမှာ အီရတ်ပြည်သူတွေ ဝင်ရောက်ပူးပေါင်းဖို့ အရေးကြီးတယ်လို့ အမေရိကန်သမတ အိုဘားမားက ပြောလိုက်ပါတယ်။

အီရတ်နိုင်ငံတွင်းက အမျိုးမျိုးသော လူမှုအသိုင်းအဝိုင်းတွေအကြား ညီညွတ်မှုရအောင်လို့ အီရတ်အစိုးရအနေနဲ့ အလျင်အမြန်ဆောင်ရွက်ရမယ်လို့ အမေရိကန်အစိုးရက ယူဆတဲ့အကြောင်း သမ္မတအိုဘားမားက တနင်းလာနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်မယ်ဆိုပြီး ခြိမ်းခြောက်နေတဲ့ စစ်သွေးကြွတွေကို အပြတ်နှိမ်နင်းရေးဆိုတဲ့ ဦးတည်ချက်အပေါ်မှာ အီရတ်အစိုးရသစ် ဖွဲ့စည်းရေးအတွက် ကြိုးပမ်းနေကြသူအားလုံး ငြိမ်းငြိမ်းချမ်းချမ်း အတူတကွရှိကြဖို့ကိုလည်း သမ္မတအိုဘားမားက တိုက်တွန်းပါတယ်။

အစ္စလာမစ် အစွန်းရောက်တွေဟာ အီရတ်နိုင်ငံအတော်များများကို အခု သိမ်းပိုက်ထားကြတာပါ။ အီရတ်မြောက်ပိုင်းက ကာ့ဒ်တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားဒုက္ခသည်တွေကို အကူအညီပေးဖို့ အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်ဆိုတာကိုလည်း သမ္မတအိုဘားမားက ပြောပါတယ်။ သူပုန်တွေ ထိန်းသိမ်းထားတဲ့ အဲဒီဒေသတွင်း အစ္စလာမ်မစ်နိုင်ငံတော်လုပ်ဖို့ အစွန်းရောက်တွေက ကြိုးပမ်းနေတာတွေ နှိမ်နင်းဖို့ အတွက်လည်း အမေရိကန်လေကြောင်းက အသင့်ရှိထားတယ်လို့ သမတအိုဘားမားက ပြောပါတယ်။

အခု ဝန်ကြီးချုပ်သစ်အဖြစ် အဆိုပြုခံထားရတဲ့ အီရတ်လွှတ်တော်အမတ် Haider al-Abadi ကိုလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း သူရော ဒုသမ္မတ Joe Biden ပါ ဖုံးဆက် နှုတ်ခွန်းစကားဆိုခဲ့တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ အီရတ်ဝန်ကြီးချုပ် Nouri al-Maliki ကို အစားထိုးဖို့ ကန့်ကွက် ဝေဖန်မှုတွေကြောင့် ဝန်ကြီးချုပ်နေရာသစ်အဖြစ် လွတ်တော် ဒုဥက္ကဋ္ဌ Mr.Abadi ကို သမ္မတသစ် Fouad Massoum က အဆိုပြုခဲ့ပါတယ်။ ဆူနီ၊ ကာ့ဒ်နဲ့ အခြားလူမျိုးငယ်တွေအပါအဝင် အီရတ်နိုင်ငံတွင်းက မတူကွဲပြားတဲ့အင်အားစုတွေကို ပြီးခဲ့တဲ့ ၈ နှစ်အတွင်းမှာ စုစည်းနိုင်အောင် မလုပ်နိုင်ခဲ့ဘူးဆိုပြီး Mr.Maliki ဟာ အတော်ကြီး အဝေဖန်ခံခဲ့ရပါတယ်။

XS
SM
MD
LG