သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Hollande အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့မည်


Obama - Holland
Obama - Holland

ပဲရစ်မှာ လူတွေသေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားအပြီး သီတင်း ၂ ပတ်တောင် မပြည့်ခင် အမေရိကန်သမ္မတ Barack Obama ဟာ ပြင်သစ် သမ္မတ Francois Hollande ကို အိမ်ဖြူတော်မှာ တွေ့ဆုံမှာ ဖြစ်ပြီး အမေရိကန်ရဲ့ အကြာဆုံးမြင့် မိတ်ဆွေနိုင်ငံနဲ့ သွေးစည်း ခိုင်မာမှုထက် ပိုပြီး ပြသရာရောက်တဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။

သမ္မတ Hollande ဟာ ဗြိတိန်ဝန်ကြီးချုပ် David Cameron နဲ့ တွေ့ဆုံပြီး တရက်အကြာ ဒီကနေ့ အင်္ဂါနေ့မှာ အိမ်ဖြူတော်ကို လာရောက်မှာ ဖြစ်ပါတယ်။ ဆီးရီးယားမှာ အစ္စလာမ်မစ် စစ်သွေးကြွတွေကို ခြေမှုန်းဖို့ လေကြောင်းကနေ တိုက်ခိုက်မှုတွေအတွက် ပြင်သစ်ကို အထောက်အကူသစ် ပေးမယ်လို့ မစ္စတာ Cameron က ကတိပေးခဲ့ပြီး ဖြစ်ပါတယ်။

အစ္စလာမ်စစ်သေးကြွ ပစ်မှတ်တွေကို ပြင်သစ် ဂျက်လေယာဉ်တွေ တိုက်ခိုက်ရာမှာ Cyprus ရှိ ဗြိတိန်လေတပ်အခြေစိုက်စခန်းကို အသုံးပြုခဲ့ပြီး တချိန်ထဲမှာပဲ စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ ပါဝင်နိုင်ဖို့အတွက်လည်း ဗြိတိသျှလွှတ်တော်ရဲ့ အတည်ပြုချက်ကို သူတောင်းခံမယ်လို့ မစ္စတာ Cameron က ပြောပါတယ်။

အိမ်ဖြူတော်မှာ အင်္ဂါနေ့ ဆွေးနွေးပွဲအတွင်း ပြင်သစ်ခေါင်းဆောင်အနေနဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ အမေရိကန်သမ္မတထံက အထောက်အကူတွေ ပိုပေးဖို့ ဖိအားပေးတောင်းဆိုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မစ္စတာ Hollande အနေနဲ့ စစ်သွေးကြွတွေကို တိုက်ခိုက် ချေမှုန်းရာမှာ နိုင်ငံတကာ အထောက်အကူ ရရှိဖို့ ညှိနှိုင်း ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG