သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလွန်အကျွံ ဝလွန်းသူ အမေရိကန်မှာ တိုးလာ


နယူးယောက်မြို့မှာတွေ့ရတဲ့ အဝလွန်နေသူတဦး
နယူးယောက်မြို့မှာတွေ့ရတဲ့ အဝလွန်နေသူတဦး

အမေရိကန်ပြည်ထောင်စုမှာ အဝလွန်သူ အရေအတွက် ပုံမှန်တိုးနေပြီး အလွန်အကျွံ ဝလွန်းသူကတော့ သိသိသာသာ ပိုတိုးလာတယ်လို့ လေ့လာချက်တွေမှာ တွေ့ရှိခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ လေ့လာတွေ့ရှိချက်အသစ်အရ အဝလွန်သူ အရေအတွက်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သိသိသာသာ တိုးမလာဘဲ အဝလွန်သူ ၁၀ ယောက်မှာ ၄ ယောက်နှုန်းရှိနေပြီး ၁၀ ယောက်မှာ ၁ ယောက်လောက်ကတော့ အလွန်အကျွံ အဝလွန်ရောဂါဖြစ်နေတယ်လို့ အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (CDC) ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အလွန်အကျွံအဝလွန်သူတွေထဲမှာ အမျိုးသမီး အရေအတွက် တိုးလာတယ်လို့ လေ့လာချက်သစ်တွေမှာ တွေ့ရှိခဲ့ပါတယ်။ အလွန်အကျွံအဝလွန်ရောဂါဖြစ်နေကြတဲ့ထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ၂ ဆ နီးပါးလောက်ရှိနေကြပါတယ်။

ကိုယ်အလေးချိန်လျော့ကျစေတဲ့ ဆေးတွေအပါအဝင် အဝလွန်ရောဂါအတွက် ကုသမှုအသစ်တွေက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ တခြားရောဂါတွေ လျော့ကျအောင် ကာကွယ်ပေးနိုင်မလားဆိုတာကိုပြောဖို့ကတော့ စောလွန်းသေးတယ်လို့ CDC ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်အတွင်း လူပေါင်း ၆ ထောင်ကို ကောက်ယူခဲ့တဲ့ စစ်တမ်းတခုအရ အမေရိကန်မှာ အဝလွန်တဲ့နှုန်းက ၄၀% ရှိတာကိုတွေ့ရှိခဲ့ပြီး၊ ၁၀ ယောက်မှာ ၁ ယောက်လောက်က အလွန်အကျွံအဝလွန်ရောဂါဖြစ်နေတာဖြစ်တယ်လို့ အမေရိကန် သုတေသနသစ်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ကနေ ၂၀၂၀ ခုနှစ်တွေကလုပ်တဲ့ စစ်တမ်းနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ အဝလွန်ရောဂါဖြစ်တဲ့နှုန်းက ယေဘုယျအားဖြင့် သိသိသာသာ ပြောင်းလဲသွားတာမဟုတ်ဘဲ၊ အလွန်အကျွံအဝလွန်တဲ့နှုန်းကသာ တိုးနေတာဖြစ်ပါတယ်။

အလွန်အကျွံ ဝလွန်းသူ အမေရိကန်မှာ တိုးလာ
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG