ရုံးခန်းထဲမှာ ငြိမ်ငြိမ် သက်သက် နေထိုင်ပြီး အလုပ်လုပ် ရတဲ့ သူတွေဟာ အချိန်မတိုင်ခင် သေဆုံးဖို့ အန္တရာယ်ရှိနေတာကို ကာကွယ်ဖို့ နေ့တိုင်း တစ်နာရီလောက် လေ့ကျင့်ခန်း လုပ်သင့်တယ်လို့ လေ့လာ တွေ့ရှိချက် အသစ်တစ်ခုက တိုက်တွန်းလိုက်ပါတယ်။
Lancet ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ အဲဒီ လေ့လာတွေ့ရှိချက်အရ အရ နှလုံးရောဂါ၊ ဆီးချိုနဲ့ ကင်ဆာ ရောဂါတွေဟာ လှုပ်ရှားမှုနည်းတဲ့ နေထိုင်မှု ပုံစံကြောင့် ဖြစ် လာတာဖြစ်ပြီး၊ ကမ္ဘာ့ စီးပွားရေးမှာ နှစ်စဉ် ဒေါ်လာ ၆၇ ဘီလျံ လောက်အထိ ကုန်ကျစေတယ်လို့ ဆိုပါတယ်။
နှစ်စဉ် လူ ၅.၃ သန်းလောက် သေဆုံးမှုတွေဟာ ကိုယ်လက် လှုပ်ရှားမှု မရှိတာနဲ့ ဆက်စပ်နေပြီး၊ ဆေးလိပ်သောက်လို့ သေဆုံးတဲ့ အရေအတွက်ထက်တောင် ပိုများနေပါတယ်။
အရွယ်ရောက်ပြီးသူတွေဟာ တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀လောက် အေရိုးဗစ် လေ့ကျင့်ခန်းတွေ လုပ်တာ အပြင်၊ ကြွက်သား လေ့ကျင့်ခန်းတွေလည်း တစ်ပတ်ကို နှစ်နာရီလောက် လုပ်သင့်တယ်လို့ အမေရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာနက တိုက်တွန်းထားပါတယ်။