သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ohio တက္ကသိုလ် တိုက်ခိုက်မှု ၉ ဦး ဒဏ်ရာရ


Ohio တက္ကသိုလ် တိုက်ခိုက်မှု ၉ ဦး ဒဏ်ရာရ
Ohio တက္ကသိုလ် တိုက်ခိုက်မှု ၉ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း Ohio ပြည်နယ်၊ Coloumbus မြို့မှာရှိတဲ့ ပြည်နယ်တက္ကသိုလ်ဝင်းအတွင်း လူတဦးက လမ်းလျှောက်နေတဲ့သူတွေကြားထဲ ကားနဲ့ ဝင်တိုက်ပြီးတဲ့နောက် ဓါးနဲ့ လိုက်ထိုးတဲ့အတွက် အနည်းဆုံး ၉ ဦး ထိခိုက် ဒဏ်ရာရသွားတယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။

တိုက်ခိုက်မှု ပြုလုပ်တဲ့ မသင်္ကာသူကိုတော့ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကို အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် သတ်မှတ်ရမှာဖြစ်ကြောင်း Columbus မြို့ ရဲတပ်ဖွဲ့ အကြီးအကဲ Kim Jacobs က ပြောပါတယ်။

တိုက်ခိုက်သူဟာ Abdul Razak Ali Artan လို့ခေါ်တဲ့ ပထမနှစ် ကျောင်းသားတဦးဖြစ်ကြောင်း Ohio ပြည်နယ်တက္ကသိုလ်က ပြောပါတယ်။ သူဟာ အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဆိုမားလီးယားနွယ်ဖွား တဦးဖြစ်တယ်လို့ Columbus မြို့ခံတွေက ဗွီအိုအေ ဆိုမားလီး ဌာနကို ပြောပါတယ်။

ဒဏ်ရာ ရသူတွေထဲက ၈ ဦးကတော့ စိုးရိမ်စရာ အခြေအနေ မရှိပေမယ့် ကျန်တဦးကတော့ စိုးရိမ်ရတဲ့ အနေအထားမှာရှိကြောင်း ဆေးရုံ အရာရှိတွေက ပြောပါတယ်။

ဒုတိယမြောက် တိုက်ခိုက်သူတဦး ရှိနေသေးတယ်ဆိုတဲ့ ကောလာဟာလ သတင်းတွေ အစောပိုင်းမှာ ထွက်ပေါ်ခဲ့ကြောင်း တက္ကသိုလ် အကြီးအကဲ Michael Drake က ပြောပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က တက္ကသိုလ် ဝင်းအတွင်း လိုက်လံ ရှာဖွေပြီးတဲ့နောက် တိုက်ခိုက်သူ တဦးထဲဖြစ်တယ်ဆိုတာလို့ သိရှိခဲ့ကြောင်း Michael Drake က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG