သုံးရလွယ်ကူစေသည့် Link များ

၂၀၂၀ အိုလံပစ် အိမ်ရှင် ဒီတပတ်ထဲ ရွေးချယ်မည်

  • ဗွီအိုအေ (မြန်မာဌာန)

Argentina နိုင်ငံ၊ IOC ဆွေးနွေးပွဲ။ (စက်တင်ဘာလ ၅၊ ၂၀၁၃)
နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ဟာ ဒီသီတင်းပတ်ထဲ အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့မှာ တွေ့ဆုံဆွေးနွေးပြီး စနေနေ့ ကျရင်တော့ ၂၀၂၀ ပြည့်နှစ် နွေရာသီအိုလံပစ် အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်မြို့ကို မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

လောလောဆယ် အိမ်ရှင်အဖြစ် အဆိုပြုထားတဲ့ မြို့တွေကတော့ ဂျပန်နိုင်ငံ တိုကျိုမြို့၊ တူရကီနိုင်ငံ အီစတန်ဘူမြို့နဲ့ စပိန်နိုင်ငံ မက်ဒရစ်မြို့တွေ ဖြစ်ကြပါတယ်။ ဆူနာမီရေလှိုင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ Fukushima နျူကလီးယား စက်ရုံက ရေဒီယိုသတ္တိကြွဓာတ်တွေ ယိုစိမ့်ထွက်လာနေတဲ့အပေါ် စိုးရိမ်မကင်းမှုတွေ သက်သာအောင် လုပ်ဆောင်ဖို့ လိုအပ်နေပေမဲ့လည်း အခုအချိန်အထိကတော့ အိမ်ရှင်အဖြစ် အဆိုပြုထားတဲ့ အထဲမှာ ဂျပန်နိုင်ငံကို လူကြိုက်များနေကြပါတယ်။

ဂျပန်နိုင်ငံက အိုလံပစ်အားကစားပွဲ ကျင်းပရေး တာဝန်ရှိသူတွေကလည်း တိုကျိုမှာ ကျင်းပမယ့် အစီအစဉ်ကို အားပေးသူတွေ တနေ့တခြား တိုးလာနေတယ်လို့ ပြောခဲ့ကြတာပါ။ နိုင်ငံရေး ပြဿနာတွေကြောင့် အီစတန်ဘူမြို့ရဲ့ အဆိုပြုချက်က မရေမရာ ဖြစ်နေရပေမဲ့ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေး ကြိုးပမ်းနေတဲ့ တူရကီ တာဝန်ရှိသူတွေ ကတော့ နောက်ဆုံးအကြိမ် IOC ရဲ့ လူထုသဘောထား စစ်တမ်းတွေမှာ ထောက်ခံမှု ၈၃ ရာခိုင်နှုန်းရရှိခဲ့ပြီး အဆိုပြုထားတဲ့ ၃ နိုင်ငံမှာ အများဆုံးလို့လည်း ပြောပါတယ်။ စီးပွားရေးနဲ့ အလုပ်လက်မဲ့ ပြဿနာတွေ ကြုံနေရတဲ့ စပိန်နိုင်ငံကတော့ အိုလံပစ်ပွဲကနေ လူ့အသိုင်းအ၀ိုင်းကို ပြောင်းလဲ လာစေမယ့်အကြောင်း ပြောဆိုစည်းရုံးနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG