သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား အိုလံပစ်မီးရှူး အာကာသထဲ ရောက်ရှိ


ရုရှအိုလံပစ်မီးရှူးတိုင် သယ်လာစဉ်။
ရုရှအိုလံပစ်မီးရှူးတိုင် သယ်လာစဉ်။
အိုလံပစ်မီးရှုးတိုင်ကို မီးမထွန်းပဲ သယ်ဆောင်လာတဲ့ ရုရှားနိုင်ငံက ဒုံးပျံဟာ နိုင်ငံတကာ အာကာသယာဉ်စခန်းကို ဒီနေ့ရောက်ရှိသွားပြီး၊ ဒီ မီးရှုးတိုင်တွေကို အာကာသထဲ လမ်းလျှောက်ပြဖို့ ရှိနေပါတယ်။ ရှေ့နှစ်ဆန်းပိုင်း မှာ ရုရှားနိုင်ငံ Sochi မြို့မှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်အတွက် သယ်ဆောင်၊ထွန်းညှိမယ့် ဒီမီးရှုးတိုင်ကို နိုင်ငံတကာအာကာသစခန်းက ရုရှားအာကာသယာဉ်မှုးတွေက လွှဲယူပြီး၊ ပထမဆုံးအကြိမ်အဖြစ် အာကာသထဲမှာ လမ်းလျှောက်ပြဖို့ စီစဉ်ထားပါတယ်။

ဒီမီးရှုးတိုင်ကို ရုရှား၊အမေရိကန်နဲ့ ဂျပန် တဦးစီပါတဲ့ အာကာသယာဉ်မူး ၃ ဦးက Soyuz- FG အမျိုးအစား ဒုံးပျံနဲ့ ဒီနေ့မနက်မှာ Kazakhstan ရှိ Baikonur အာကာသယာဉ်စခန်းကနေ လွှတ်တင်အပြီး၊ အခုလိုနိုင်ငံတကာ အာကာသယာဉ်စခန်းကို တင်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ဒီမီးရှုးတိုင်ကို မြေပြင်ပေါ် ပြန်မသယ်ခင် စနေနေ့မှာတော့ နိုင်ငံတကာ အာကာသယာဉ်စခန်းမှာနေနေတဲ့ ရုရှားအာကာသယာဉ်မှုး ၂ ဦးက မကြုံစဖူး အာကာသထဲမှာ သယ်ဆောင်ပြီးလမ်းလျှောက်ပြဖို့ ပြင်ဆင်ထားကြပါတယ်။ ဒါပေမဲ့ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ဒီအိုလံပစ်မီးရှုးတိုင်ကို အာကာသထဲမှာ မီးမထွန်းပဲထားမှာဖြစ်ပါတယ်။

တနင်္လာနေ့မှာတော့ ဒီမီးရှုးတိုင်ကို မြေပြင်ပေါ်ကိုပြန်သယ်ယူလာပြီး၊ ရုရှားနိုင်ငံတဝှမ်း တောက်လျှောက် လှည့်လည်သယ်ဆောင်ပြသကာ၊ ၂၀၁၄ ခုနှစ် အိုလံပစ် ဖွင့်ပွဲအခမ်းအနားလုပ်မယ့် ဖေဖော်ဝါရီ ၇ ရက်နေ့ကျရင်၊ Sochi မြို့က အားကစားကွင်းမှာ နောက်ဆုံးမီးထွန်းညှိမှာဖြစ်ပါတယ်။
XS
SM
MD
LG