သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စားသုံးသူကာကွယ်ရေးအသင်း ပဲစားပွဲတွေကိုကန့်ကွက်


မြန်မာ့ပဲမျိုးစုံ (ဓါတ်ပုံ - Global New Light of Myanmar အစိုးရသတင်းစာ)
မြန်မာ့ပဲမျိုးစုံ (ဓါတ်ပုံ - Global New Light of Myanmar အစိုးရသတင်းစာ)

မြန်မာနိုင်ငံအတွင်း အစိုးရတာဝန်ရှိသူတွေက ဦးဆောင်ပြီး ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပဲစားပွဲတွေ ကျင်းပခဲ့ကြတာကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းက ဒီဇင်ဘာလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံကပဲတွေကို အဓိက ဝယ်ယူနေတဲ့ အိန္ဒိယနိုင်ငံရဲ့ မူဝါဒ အပြောင်းအလဲကြောင့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံကနေ ပဲဝယ်ယူမှု ရပ်ဆိုင်း လိုက်ပြီးတဲ့နောက် ပဲစားပွဲတော်တွေကို ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ ကျင်းပခဲ့ကြတာပါ။ ပဲစားပွဲတော် ကန့်ကွက်ရခြင်း အကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဘအုပ်ခိုင်ကို ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စားသုံးသူကာကွယ်ရေးအသင်း ပဲစားပွဲတွေကိုကန့်ကွက်
please wait

No media source currently available

0:00 0:07:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG