ပြီးခဲ့တဲ့အပတ် စီးပွားရေးကဏ္ဍမှာ NLD အစိုးရ လက်ထက်အတွင်း စီးပွားရေး ဖွံ့ဖြိုးမှု နှေးကွေးနေတာ၊ လုပ်ငန်းရှင်တွေနဲ့ လူထုအကြားမှာလဲ လက်ရှိ စီးပွားရေး လုပ်ကိုင် စားသောက်လို့ မကောင်းဘူးဆိုတဲ့ ပြောဆိုမှုတွေ ထွက်နေတာတွေဟာ ငွေတိုးနှုန်းနဲ့ ဆက်စပ် နေတဲ့ အကြောင်းကို တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုသီတင်းပတ်မှာတော့ လက်ရှိအစိုးရအနေနဲ့ တိုင်းပြည် စီးပွား ဖွံ့ဖြိုး တိုးတက်အောင် ဘယ်ကဏ္ဍတွေကို ပစ်မှတ်ထား မြင့်တင် လုပ်ဆောင်မလဲ ဆိုတဲ့အကြောင်း စာရေးဆရာ ဒေါက်တာ တင်မောင်သန်းကို မေးမြန်းပြီး အပိုင်း (၂) အဖြစ်နဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။