သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၇-၁၈ ခုနှစ် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း ၆.၇% အထိ ရှိမည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ခန့်မှန်း


NLD အစိုးရ သက်တမ်း ပထမဆုံးနှစ်မှာ မြန်မာစီးပွားရေး တိုးတက်မှုနှုန်း မျှော်မှန်းတာထက် လျှော့ကျ ခဲ့ပေမယ့် လာမယ့် ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း မြန်မာပြည်ရဲ့စီးပွားရေး တိုးတက်မှုနှုန်း ၆.၇% အထိ ရှိလာမယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)က ခန့်မှန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဂယက်တွေ ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အပေါ် ထိခိုက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ သတင်း အပြည့်အစုံ ကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်လည် တည်ငြိမ်လာပြီး လာမယ့် ၂၀၁၇- ၂၀၁၈ ခုနှစ်မှာ စီးပွားရေး တိုးတက်မှုနှုန်း ၆.၇% အထိ မြင့်တက်လာမယ့်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်း ထားတာပါ။

အစိုးရသစ် စတင် တာဝန်ယူတဲ့ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း မေ ျှာ် မှန်းတာ ထက် ကျဆင်းခဲ့ပေမယ့် လာမယ့်နှစ်အတွက်တော့ မြန်မာ့စီးပွားရေး တိုးတက်မှုအပေါ် အကောင်းမြင်ပါ တယ်လို့ မြန်မာပြည်ကို ရောက်ရှိနေတဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) မစ်ရှင်အဖွဲ့ ခေါင်း ဆောင် Mr. Shanaka Jayanath Peiris က ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“၂၀၁၆/၂၀၁၇ ခုနှစ်မှာမြန်မာ့စီးပွားရေးက ကျွန်တော်တို့ မျှော်မှန်းထားသလောက် မတိုးတက်ခဲ့ပါဘူး။ ဒါပေမယ့်လည်း လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာတော့ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းက ၆.၇% အထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်မှာ ရှိခဲ့တဲ့ စီးပွားရေး တိုး တက်မှုနှုန်း ၅.၉ %နဲ့ ယှဉ်ရင် ကွာဟချက်က တော်တော်ကို ကြီးတာပါ။”

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ လယ်ယာကဏ္ဍထုတ်လုပ်မှုနဲ့ ပြည်ပတင်ပို့မှု အားနည်းခဲ့ပြီး ရန်ကုန်မြို့မှာ လည်း ဆောက်လုပ်ရေး စီမံကိန်းတွေ ယာယီ ရပ်ဆိုင်းခဲ့တာတွေကြောင့် စီးပွားရေးတိုးတက်မှုနှုန်း မျှော်မှန်းတာထက် ကျဆင်းခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Article IV မစ်ရှင်လို့ ခေါ်တဲ့ နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ IMF ကိုယ်စားလှယ်တွေရဲ့ စီးပွားရေး အခြေအနေ လေ့လာဆန်းစစ်ရေး ခရီးစဉ်ကို နှစ်စဉ်ပြုလုပ်လေ့ရှိပြီး ၂၀၁၇ခုနှစ် IMF ရဲ့ မြန်မာပြည် ခရီးစဉ်ကတော့ ဒီကနေ့ပဲ ပြီးဆုံးသွားခဲ့တာပါ။

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေနဲ့ လူသားစာနာ ထောက်ထားမှု ဆိုင်ရာ ဂယက်တွေကြောင့် လက်ရှိအချိန်ထိ မြန်မာ့စီးပွားရေးအပေါ် ရိုတ်ခတ်မှု ကြီးကြီးမားမား မရှိသေးပေ မယ့် နောက်ပိုင်းမှာတော့ ရှိလာနိုင်တယ်လို့ IMF မစ်ရှင်အဖွဲ့ ခေါင်းဆောင်က အခုလို ပြောပါတယ်။

“မကြာသေးခင်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ လူသားခြင်း စာနာထောက် ထားမှု ဆိုင်ရာ ဂယက်တွေကြောင့် မြန်မာ့စီးပွားရေးအခြေအနေအပေါ် တိုက်ရိုက် သက်ရောက်မှု လော လောဆယ်အထိ မရှိသေးပေမယ့်လည်း ဒါတွေက ဖွံ့ဖြိုးရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုတွေနဲ့ ရင်းနှီး မြှုပ်နှံသူတွေရဲ့ အမြင်တွေအပေါ် ထိခိုက်လာနိုင်ပါတယ်။ ဒါ့အပြင် ခရီးသွားလုပ်ငန်း အပေါ်မှာလည်း ထိ ခိုက်လာနိုင်ပါတယ်။”

ပြီးခဲ့တဲ့ လတုန်းကတော့ ရခိုင်ပြည်နယ်အရေးနဲ့ ဆက်စပ်ပြီး မြန်မာအစိုးရ ဘတ်ဂျက်ကို အားဖြည့် ကူ ညီမယ့် ရန်ပုံငွေ ဒေါ်လာ သန်း ၂၀၀ကို ကမ္ဘာဘဏ်က မပေးတော့ဘဲ ဆိုင်းငံ့ခဲ့တာလည်း ရှိပါတယ်။

မြန်မာပြည်ရဲ့ လယ်ယာကဏ္ဍနဲ့ ပို့ကုန်တွေ ပြန်လည် ဦးမော့လာတာကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်မှာ မြန်မာပြည်ရဲ့ စီးပွားရေး တိုးတက်မှု မြင့်လာမယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့အနေနဲ့ ခန့်မှန်းတာဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဒုတိယနှစ်ဝက်မှာ စီးပွားရေး တိုးတက်မှုနှုန်း ပိုမြင့်မယ်လို့လည်း မေ ျှာ် မှန်းထားသလို လတ်တလော ကာလမှာတော့ စီးပွားရေးတိုးတက်မှု အရင် ခန့်မှန်းထားတာထက် အားနည်းနေအုံးမှာဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

XS
SM
MD
LG