Orion အာကာသယာဥ္ ကမာၻကို ျပန္လည္ေရာက္ရွိ
{{Zawgyi/Unicode}}
အေမရိကန္ အာကာသသိပၸံ ေအဂ်င္စီ NASA က လႊတ္တင္ထားတဲ့ Orion အာကာသယာဥ္ငယ္ တနဂၤေႏြေန႔မွာပဲ ကမၻာေျမေပၚ ျပန္ဆင္းသက္လာပါတယ္။ Orion အာကာသယာဥ္ဟာ မကၠဆီအနီး ပစိဖိတ္သမုဒၵရာထဲ ေလထီးနဲ႔ ျပန္က်လာျဖစ္ပါတယ္။ အာကာသယာဥ္မွွဴးေတြ လကမၻာကို အနီးကပ္ပတ္ၿပီး ပ်ံသန္းႏုိ္င္ဖို႔ Orion အာကာသယာဥ္ေစလႊတ္ၿပီး စမ္းသပ္ခဲ့တာလည္းျဖစ္ပါတယ္။
Orion အာကာသယာဥ္ဟာ အသံထက္ ၃၂ ဆျမန္တဲ့ႏႈန္းနဲ႔ ကမၻာ့ေလထုထဲဆင္းသက္လာတာျဖစ္ပါတယ္။ မကၠဆီကိုႏုိင္ငံ Baja California ျပည္နယ္အေနာက္ဖက္ Guadalupe ကၽြန္းအနီး ေရျပင္ကို မက်ခင္ အာကာသယာဥ္ရဲ ႔ အပူခ်ိန္ ၂၇၆၀ ဒီဂရီစင္တီဂရိတ္ထိရွိပါတယ္။ အာကာသယာဥ္နဲ႔အတူ ပါသြားတဲ့ လူပုံတူ စမ္းသပ္အရုပ္ ၃ ရုပ္ကို ေရတပ္သေဘၤာက အျမန္သြားေရာက္ဆယ္ယူခဲ့တာပါ။ ပုံတူအရုပ္ေတြကေတာ့ ယာဥ္တုန္ခါမႈနဲ႔ ေရာင္ျခည္ေတြေၾကာင့္ စုတ္ျပတ္ကုန္ပါတယ္။
၂၀၂၄ ခုႏွစ္မွာ အာကာသယာဥ္မႈးေတြ လကမၻာကို ပတ္ပ်ံသန္းဖို႔ NASA ကစီစဥ္ထားတဲ့အတြက္ ဒီစမ္းသပ္ယာဥ္ ေအာင္ေအာင္ျမင္ျမင္ျပန္ဆင္းသက္ႏုိင္ဖို႔လိုပါတယ္။
အဲဒီခရီးစဥ္က်ရင္ အာကာသယာဥ္မႈး ၄ ဦးေစလႊတ္မွာျဖစ္ၿပီး အေစာဆုံး ၂၀၂၅ ခုနွစ္ေလာက္မွာ လကမၻာေပၚဆင္းသက္ႏိုင္ဖို႔ အာကာသယာဥ္မွဴး ၂ ဦး ေစလႊတ္မွာလည္းျဖစ္ပါတယ္။ လကမၻာေပၚ အာကာသယာဥ္မႈးေတြ ေနာက္ဆုံး ေျခခ်ႏုိင္ခဲ့တာကေတာ့ တနဂၤေႏြေန႔မွာ ႏွစ္ေပါင္း ၅၀ ရွိသြားပါၿပီ။
Orion အာကာသယာဉ် ကမ္ဘာကို ပြန်လည်ရောက်ရှိ
{{Zawgyi/Unicode}}
အမေရိကန် အာကာသသိပ္ပံ အေဂျင်စီ NASA က လွှတ်တင်ထားတဲ့ Orion အာကာသယာဉ်ငယ် တနင်္ဂနွေနေ့မှာပဲ ကမ္ဘာမြေပေါ် ပြန်ဆင်းသက်လာပါတယ်။ Orion အာကာသယာဉ်ဟာ မက္ကဆီအနီး ပစိဖိတ်သမုဒ္ဒရာထဲ လေထီးနဲ့ ပြန်ကျလာဖြစ်ပါတယ်။ အာကာသယာဉ်မှူးတွေ လကမ္ဘာကို အနီးကပ်ပတ်ပြီး ပျံသန်းနိုင်ဖို့ Orion အာကာသယာဉ်စေလွှတ်ပြီး စမ်းသပ်ခဲ့တာလည်းဖြစ်ပါတယ်။
Orion အာကာသယာဉ်ဟာ အသံထက် ၃၂ ဆမြန်တဲ့နှုန်းနဲ့ ကမ္ဘာ့လေထုထဲဆင်းသက်လာတာဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံ Baja California ပြည်နယ်အနောက်ဖက် Guadalupe ကျွန်းအနီး ရေပြင်ကို မကျခင် အာကာသယာဉ်ရဲ့ အပူချိန် ၂၇၆၀ ဒီဂရီစင်တီဂရိတ်ထိရှိပါတယ်။ အာကာသယာဉ်နဲ့အတူ ပါသွားတဲ့ လူပုံတူ စမ်းသပ်အရုပ် ၃ ရုပ်ကို ရေတပ်သင်္ဘောက အမြန်သွားရောက်ဆယ်ယူခဲ့တာပါ။ ပုံတူအရုပ်တွေကတော့ ယာဉ်တုန်ခါမှုနဲ့ ရောင်ခြည်တွေကြောင့် စုတ်ပြတ်ကုန်ပါတယ်။
၂၀၂၄ ခုနှစ်မှာ အာကာသယာဉ်မှုးတွေ လကမ္ဘာကို ပတ်ပျံသန်းဖို့ NASA ကစီစဉ်ထားတဲ့အတွက် ဒီစမ်းသပ်ယာဉ် အောင်အောင်မြင်မြင်ပြန်ဆင်းသက်နိုင်ဖို့လိုပါတယ်။
အဲဒီခရီးစဉ်ကျရင် အာကာသယာဉ်မှုး ၄ ဦးစေလွှတ်မှာဖြစ်ပြီး အစောဆုံး ၂၀၂၅ ခုနှစ်လောက်မှာ လကမ္ဘာပေါ်ဆင်းသက်နိုင်ဖို့ အာကာသယာဉ်မှူး ၂ ဦး စေလွှတ်မှာလည်းဖြစ်ပါတယ်။ လကမ္ဘာပေါ် အာကာသယာဉ်မှုးတွေ နောက်ဆုံး ခြေချနိုင်ခဲ့တာကတော့ တနင်္ဂနွေနေ့မှာ နှစ်ပေါင်း ၅၀ ရှိသွားပါပြီ။