သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အော်စကာဆု ဆန်ခါတင် စာရင်း


(Zawgyi / Unicode)

၉၂ ကြိမ်မြောက် အမေရိကန် အော်စကာဆု အတွက် ဆန်ခါတင် စာရင်းတွေ တနလာၤနေ့က ထွက်ပေါ်လာချိန်မှာတော့ ဒါရိုက်တာ Todd Philils ရဲ့ Joker ရုပ်ရှင်က အော်စကာ ဆန်ခါတင်ဆု ၁၁ ခုနဲ့ ထိပ်ဆုံးက ပြေးနေပါတယ်။

၂၀၁၉ ခုနှစ် အတွင်း ထုတ်ခဲ့တဲ့ ရုပ်ရှင်ကားတွေထဲက အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြတယ်ဆိုတဲ့ အော်စကာ ဆန်ခါတင်စာရင်းကိုတော့ ရုပ်ရှင်မင်းသမီး Issa Rae နဲ့ ရုပ်ရှင်မင်းသား John Cho တို့က Los Angeles မှာ ကြေညာခဲ့တာပါ။

အကောင်းဆုံး ရုပ်ရှင်ဆု အတွက် ရုပ်ရှင် ၉ ကား ရွေးချယ်ခံရတဲ့ အထဲမှာ Joker လည်း ပါဝင်ပါတယ်။ တခြား ကားတွေကတော့ "Ford v Ferrari," "The Irishman," "Jojo Rabbit," "Little Women," "Marriage Story," "1917," "Once Upon a Time ... in Hollywood" နဲ့ "Parasite." တို့ ဖြစ်ပါတယ်။

အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် ဆန်ခါတင် စာရင်းထဲမှာတော့ Harriet ကားထဲက မင်းသမီး Cynthia Erivo ၊ Marriage Story မှာ သရုပ်ဆောင်တဲ့ Scarlett Johansson ၊ Little Women မှာ သရုပ်ဆောင်တဲ့ Saoirse Ronan ၊ Bombshell ဇာတ်ကားက သရုပ်ဆောင် Charlize Theron၊ Judy ကားရဲ့ သရုပ်ဆောင် Renée Zellweger တို့ ဖြစ်ပါတယ်။

အကောင်းဆုံး အမျိုးသား သရုပ်ဆောင်စု ဆန်ခါတင် စာရင်းမှာတော့ Antonio Banderas က "Pain and Glory" ဇာတ်ကား၊ Leonardo DiCaprio က "Once Upon a Time...in Hollywood ဇာတ်ကား၊ နောက် Adam Driver က "Marriage Story ဇာတ်ကား၊ Joaquin Phoenix က "Joker"ဇာတ်ကား နဲ့ Jonathan Pryce က "The Two Popes ဇာတ်ကားတွေနဲ့ ရွေးချယ်ခံရပါတယ်။

"The Irishman," "Once Upon a Time... in Hollywood" နဲ့ "1917" တို့က အော်စကာ ဆန်ခါတင် ၁၀ ဆုဆီနဲ့ Joker ရုပ်ရှင်ကားကြီးနောက်က လိုက်နေပါတယ်။ အော်စကာ ဆုပေးပွဲကတော့ လာမယ့် ဖေဖော်ဝါရီ ၉ ရက်နေ့ Los Angeles က Dolby Theater မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အော်စကာဆု ဆန်ခါတင် စာရင်း
please wait

No media source currently available

0:00 0:00:46 0:00
တိုက်ရိုက် လင့်ခ်


.................


(Unicode)







XS
SM
MD
LG