သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မှာ ကန်သံတမန်တွေကို ခရီးသွားလာခွင့် ကန့်သတ်


 Lahore မှာရှိတဲ့ အမေရိကန်သံရုံး
Lahore မှာရှိတဲ့ အမေရိကန်သံရုံး

အမေရိကန်ပြည်ထောင်စုက Pakistan သံတမန်တွေအပေါ် ခရီးသွားကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့ပြီးနောက် Pakistan ကလည်း အမေရိကန် သံတမန်တွေအပေါ် ခရီးသွားကန့်သတ်ချက် ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးသဘောတူညီမှုအရ အမေရိကန်သံတမန်တွေကို ပေးထားတဲ့ လိုက်လျောချက်တွေကိုလည်း ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တာဝန်ကျနေတဲ့ Pakistan သံတမန်တွေ အနေနဲ့ သူတို့တာဝန်ကျတဲ့နေရာကနေ ကီလိုမီတာ ၄၀ ထက်အကျော်အကွာအဝေးကို သွားချငတယ်ဆိုရင် ၅ ရက်ကြိုတင် အသိပေးခွင့်တောင်းဖို့ အမေရိကန်အစိုးရက ကန့်သတ်ခဲ့တာပါ။

အကျယ်တဝင့် ရှင်းပြချက်မပါဘဲ Pakistan မှာလည်း အပြန်အလှန် ခရီးသွားခွင့်သတ်မှတ်ချက် ချမှတ်တယ်လို့Pakistan နိုင်ငံခြားရေးဌာနက Islamabad မှာရှိတဲ့ အမေရိကန်သံရုံးကို ပေးပို့တဲ့ စာထဲမှာ ရေးသားထားပါတယ်။ အမေရိကန်မှာရှိတဲ့ Pakistan သံတမန်တွေနဲ့ တာဝန်ရှိသူတွေအပေါ် ခရီးသွားကန့်သတ်ချက်က မေလ ၁၁ ရက်နေ့မှာ စတင် အသက်ဝင်တယ်ဆိုတာကိုလည်းPakistan နိုင်ငံခြားရေးဌာန စာထဲမှာ အတည်ပြုထားပါတယ်။

Pakistan မှာရှိတဲ့ အမေရိကန်သံဝန်ထမ်းတွေကတော့ သံရုံးပရဝဏ်အပြင်ရောက်ရင် Pakistan ထောက်လှမ်းရေးတွေက ရှာဖွေ မေးမြန်းတာတွေ လုပ်နေတယ်လို့ လတ်တလောမှာပဲ ပြောကြားခဲ့ကြပါတယ်။Pakistan ဖက်က ကန့်သတ်ချက်ထဲမှာ အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးဝန်ထမ်းတွေအတွက် လေဆိပ်မှာ အထူးခံစားခွင့်ပေးထားတာကိုလည်း ရုတ်သိမ်းခဲ့ပါတယ်။ သူတို့ရဲ့ ပစ္စည်းတွေကို တခြားခရီးသည်တွေနည်းတူ ရှာဖွေစစ်ဆေးမှာဖြစ်ပါတယ်။

ဒါတင်မက အမေရိကန်သံဝန်ထမ်းတွေရဲ့ နေအိမ်တွေ လုံခြုံရေးအတွက်သတ်မှတ်ထားတဲ့ အိမ်တွေမှာ Radio ဆက်သွယ်ရေးပစ္စည်းတွေ တပ်ဆင်ချင်တယ်ဆိုရင်လည်း ခွင့်ပြုချက် တောင်းခံရတော့မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG