သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရေခဲတောင်ပြိုမှု စစ်သား ၁၀၀ သေဆုံး


ပါကစ္စတန်နိုင်ငံ မှာ ရေခဲတောင် ရုတ်တရက် ပြိုဆင်းလာတဲ့အတွက် စစ်အခြေစိုက်စခန်း တခု ထိခိုက်ပျက်စီး သွားပြီး စစ်သား ၁၀၀ လောက် ရေခဲပြင်အောက်မှာ နစ်မြှုပ် သေဆုံးသွားတယ်လို့ ပါကစ္စတန် အစိုးရ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ကမ္ဘာ့ တောင်ထူထပ် မြင့်မားဆုံး စစ်မြေပြင်လို့ ထင်ရှားတဲ့ Siachen ရေခဲလွှာ ဒေသထဲက စစ်အခြေစိုက်စခန်းဟာ ပြိုကျလာတဲ့ ရေခဲတောင်ကြောင့် ပျက်စီးသွားပြီး စစ်သားတွေ သေဆုံးခဲ့ရတယ်လို့ စစ်ဘက် အရာရှိတွေက အတည်ပြု ပြောဆိုပါတယ်။

အိန္ဒိယနိုင်ငံ အနီး၊ ဟိမဝန္တာဒေသ ထဲက ဝေးလံခေါင်သီတဲ့ စစ်စခန်းကို ကယ်ဆယ်ရေး အဖွဲ့တွေ သွားနေကြပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ စခန်းမှာ ရှိတဲ့ စစ်သည်တွေရဲ့ ကံကြမ္မာကို ရှင်းရှင်းလင်းလင်း မပြောနိုင်သေးဘူးလို့ ပါကစ္စတန် စစ်တပ်တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

Siachan ဒေသရဲ့ ဆိုးဝါးတဲ့ ရာသီဥတု အခြေအနေနဲ့ ရေခဲတောင်ပြိုတဲ့ အန္တရာယ်ကြောင့် သေဆုံးရသူဦးရေက သေနတ်မှန် သေဆုံးသူ ဦးရေ ထက်များတယ်လို့ စစ်ရေး ကျွမ်းကျင်သူတွေက ပြောဆို သုံးသပ်ကြပါတယ်။

XS
SM
MD
LG