သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CIA ကို ကူညီတဲ့ ဗိုလ်မှူး ဖမ်းဆီးမှု ပါကစ္စတန် ငြင်းဆန်


CIA ကို ကူညီတဲ့ ဗိုလ်မှူး ဖမ်းဆီးမှု ပါကစ္စတန် ငြင်းဆန်
CIA ကို ကူညီတဲ့ ဗိုလ်မှူး ဖမ်းဆီးမှု ပါကစ္စတန် ငြင်းဆန်

အမေရိကန် ပြည်ထောင်စုက အယ်လ်ခိုင်းဒါး (Al Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) ရှိရာ နေရာကို စုံစမ်း ထောက်လှမ်းပြီး သုတ်သင်ခဲ့တဲ့ ကိစ္စကို အကူအညီ ပေးခဲ့တယ်ဆိုပြီး ပါကစ္စတန် စစ်တပ်က အရာရှိတဦးကို ဖမ်းဆီးထားတယ် ဆိုတဲ့ သတင်းဟာ မမှန်ပါဘူး၊ အခြေအမြစ် မရှိပါဘူးလို့ ပါကစ္စတန် စစ်တပ်က ငြင်းဆိုလိုက်ပါတယ်။

နယူးယောက်တိုင်းမ် သတင်းစာမှ ပထမဦးဆုံး ဖော်ပြခဲ့တဲ့ အဲဒီသတင်းနဲ့ ပတ်သက်ပြီး ပါကစ္စတန်စစ်တပ် ပြောခွင့်ရသူ ဗိုလ်ချုပ် အာသာ အဘ်ဘတ်စ် (Athar Abbas) က ဗုဒ္ဓဟူးနေ့မှာ အခုလို ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ပါကစ္စတန်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ နောက်တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် ဆိုင်ယက် အက်ဇ်မတ် (Syed Azmat Ali) ကတော့ စစ်ဘက်ဆိုင်ရာ အမှုထမ်း တယောက်ကို ဖမ်းဆီးထားတာ မရှိပါဘူး၊ ဒါပေမဲ့ လူတော်တော်များများကိုတော့ ထိန်းသိမ်းထားတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ဥပဒေအရ အရေးယူထားခြင်း ရှိမရှိ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မပြောပါဘူး။

ပါကစ္စတန် ထောက်လှမ်းရေးက လူ ၅ ယောက် ဖမ်းဆီးထားပြီး အဲဒီထဲမှာ ဗိုလ်မှူးအဆင့်ရှိသူ တယောက် ပါဝင်တယ်ဆိုပြီး နယူးယောက်တိုင်းမ် သတင်းစာက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

သတင်းစာက ရေးသားရာမှာ အဲဒီ ဗိုလ်မှူးဟာ ဘင်လာဒင် နေအိမ်ကို ဝင်ထွက်နေတဲ့ ကားတွေရဲ့ နံပါတ်တွေကို မှတ်သားထားပြီး CIA ကို သတင်းပေးခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအချိန်မှာပဲ အမေရိကန် တပ်ဖွဲ့ရဲ့ ဒုံးလက်နက်နဲ့ တိုက်ခိုက်မှုကြောင့် ပါကစ္စတန် အနောက်မြောက် အရပ်မှာရှိတဲ့ စစ်သွေးကြွ ၁၅ ယောက် သေဆုံးသွားကြောင်း ပါကစ္စတန် ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က အဝေးထိန်း ဒုံးလက်နက်နဲ့ ၂ ကြိမ် တိုက်ခိုက်ရာမှာ စစ်သွေးကြွတွေ နေထိုင်ရာ ခြံဝင်းနဲ့ မော်တော်ယာဉ်တစီး ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်တဲ့ နေရာကတော့ အာဖဂန်နယ်စပ် တောင်ပိုင်း ဝါဇီရစ္စတန် (Waziristan) တောင်ပေါ်ဒေသက ဝါနာ (Wana) မြို့အနီးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG