သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ကားဗုံးကွဲမှု ၄၅ ဦးသေဆုံး


ကရာချိမြို့က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ နေရာ။ (မတ်လ ၃ ရက်၊ ၂၀၁၃)။
ကရာချိမြို့က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ နေရာ။ (မတ်လ ၃ ရက်၊ ၂၀၁၃)။
ပါကက်စတန်နိုင်ငံတောင်ပိုင်း ကရာချိမြို့မှာ ဗုံးတလုံးပေါက်ကွဲခဲ့လို့ လူ ၄၅ ယောက် သေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ရှီအိုက်မူစလင်အများစုနေတဲ့ ရပ်ကွက်တခုက ဗလီတခုမှာ ဝတ်ပြုသူတွေ ညနေပိုင်းဝတ်ပြုပြီး ပြန်ထွက်လာချိန် ဗလီအပြင်မှာ ပေါက်ကွဲခဲ့တာလို့
ရဲကပြောပါတယ်။ ဒဏ်ရာရခဲ့သူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေ ပါဝင်ပါတယ်။

ဗုံးကွဲမှုကြောင့် အဆောက်အဦးတော်တော်များများ ပျက်စီးသွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာ ဖောက်ခွဲရေးပစ္စည်းတခုမက သုံးခဲ့ပုံရတယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။ ဒီဖောက်ခွဲမှုနဲ့ ပတ်သက်လို့ဘယ်အဖွဲ့အစည်းကမှ တာဝန်ယူ ဝန်ခံခြင်းမရှိသေးပေမဲ့ အယ်လ်ခိုင်းဒါးနဲ့ တာလီဘန်တို့နဲ့ ဆက်နွယ်နေတဲ့ ဆူနီမူစလင် စစ်သွေးကြွတွေကတော့ ခုလို ရှီအိုက်မူစလင်ရပ်ကွက်တွေအပေါ် မကြာခဏ တိုက်ခိုက်မှုတွေ လုပ်လေ့ရှိပါတယ်။

ပါကက်စတန်နိုင်ငံရဲ့ ဘက်မလိုက်တဲ့ လူ့အခွင့်အရေးကော်မရှင်ရဲ့ စစ်တမ်းအရ
ကရာချိမြို့မှာ ပြီးခဲ့တဲ့ နှစ်အတွင်း နိုင်ငံရေးနဲ့ ဂိုဏ်းဂဏကွဲ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၂,၂၈၄ ထက်မနည်း သေဆုံးခဲ့ပါတယ်။
XS
SM
MD
LG