သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရွေးကောက်ပွဲအကြို အသေခံဗုံးခွဲ ၁၃၀ ခန့်သေဆုံး


ဇူလိုင် ၁၃၊ ၂၀၁၈ ပါကစ္စတန် ဗုံးပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူတဦးအား ဆေးရုံသို့ ခေါ်ဆောင်လာစဉ်။
ဇူလိုင် ၁၃၊ ၂၀၁၈ ပါကစ္စတန် ဗုံးပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူတဦးအား ဆေးရုံသို့ ခေါ်ဆောင်လာစဉ်။

ပါကစ္စတန် အနောက်တောင်ပိုင်းက ရွေးကောက်ပွဲဆိုင်ရာ လူထုအခန်းအနားတရပ်မှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဒေသန္တရ ပါလီမာန် ဘာလူချီစတန်-အဝါမီပါတီရဲ့ အမတ်လောင်းတဦး အပါဝင် အနည်းဆုံး (၁၂၈) ဦးသေဆုံးပြီး (၁၂၀) ကျော် ဒဏ်ရာရရှိ သွားပါတယ်။ ဂျူလိုင် (၂၅) ရက်နေ့ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ အကြိုကာလမှာ အခုလိုဖြစ်ပွားခဲ့တာပါ။

ဒီဗုံးခွဲမှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS တို့ရဲ့သတင်းဌာနကဆိုပါတယ်။ ဘာလူချီစတန်-နယ်ကဒီတိုက်ခိုက်မှုဟာ မကြာခင်ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲနဲ့ ဒေသန္တရ လွှတ်တော်(၄)ခုတို့ရဲ့ ရွေးကောက်ပွဲအတွက် စိုးရိမ်ရတဲ့ အခြေအနေကို ပိုမြင့်မားစေခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ အသေခံ ဗုံးခွဲမှုဖြစ်တယ်လို့ ဘာလူချီစတန် ပြည်ထဲရေးဝန်ကြီးက VOA ကို အတည်ပြုပြောကြားပြီး သေဆုံးသူ အရေတွက် ဒီထက်ပိုများ လာနိုင်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်ကလည်း အသေခံဗုံးခွဲ တိုက်ခိုက်မှုတခုကြောင့် ခိုင်ဘာ-ဒေသ ပတ်ရှဝါမြို့မှာ ၂၃ ဦး သေဆုံးခဲ့ရပါတယ်။

ပါကစ္စတန် ရွေးကောက်ပွဲအကြို အသေခံဗုံးခွဲ ၁၃၀ ခန့်သေဆုံး
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG