ပါကစ္စတန် နိုင်ငံမှာ စစ်ယာဉ်တန်းကို ပစ်မှတ်ထား ဗုံးဖောက်ခွဲမှုကြောင့် ပါကစ္စတန် စစ်သား ၂၀ သေဆုံးပြီး အနည်းဆုံး လူ ၃၀ လောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ပါကစ္စတန် အနောက်မြောက်ပိုင်းက အရာရှိတွေက ပြောပါတယ်။
အပတ်စဉ် သွားရောက်နေကြ စစ်ယာဉ်တန်းက Bannu မြို့ကနေ အယ်လ်ခိုက်ဒါးလ် ကွန်ယက် စစ်သွေးကြွတွေ အတွက် ခိုလှုံရာ ဒေသလို့ သတ်မှတ်ခံရတဲ့ မြောက်ပိုင်း ဝါဇီရစ္စတန် မျိုးနွယ်စု ဒေသကို ထွက်ခွာဖို့ ပြင်ဆင်နေချိန် တနင်္ဂနွေနေ့မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့လည်း အာဏာပိုင်တို့က ပြောပါတယ်။
ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ ကားဟာ ဆိုရင် Bannu ဒေသခံ တဦးဆီကနေ ငှားယူခဲ့တာ ဖြစ်တယ်လို့ စစ်တပ် အရာရှိတွေက ပြော ပါတယ်။ ဒေသခံတွေ ဆီက မကြာခဏ ဆိုသလို ကားတွေ ငှားရမ်းနေတာလည်း ဖြစ်ပါတယ်လို့ စစ်တပ်က ဆိုပါတယ်။
တာလီဘန်တို့က ဒီတိုက်ခိုက်မှုဟာ သူတို့ လက်ချက် ဖြစ်ပါတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ တာလီဘန် အဖွဲ့က အနာဂတ်မှာလည်း ဒီလို တိုက်ခိုက်မှုတွေကို တိုးပြီး လုပ်သွားမယ်လို့လည်း တာလီဘန် အဖွဲ့ရဲ့ ပြောခွင့်ရ တဦးက ပြောဆိုပါတယ်။