သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

IMF ႀကိဳတင္သတ္မွတ္ခ်က္ေတြ ပါကစၥတန္လက္ခံရမယ့္ကိန္းဆိုက္ 


ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres (ဝဲ) နဲ႔အတူေတြ႔ရတဲ့ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ Shehbaz Sharif (ယာ) (ဇန္နဝါရီ ၉ ၊ ၂၀၂၃)

ပါကစၥတန္ႏိုင္ငံရဲ႕ ႏိုင္ငံျခားေႂကြးၿမီျပႆနာေတြနဲ႔ စီးပြားေရးကို ကုစားဖို႔အတြက္ အျပည္ျပည္ဆိုင္ရာ ေငြေၾကး ရန္ပုံေငြအဖြဲ႕ IMF ဆီကေန ဘ႑ာေရး အကူအညီရယူဖို႔ ႀကိဳတင္သတ္မွတ္ခ်က္ေတြကို သေဘာတူရေတာ့မယ္လို႔ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ Shehbaz Sharif က ဒီကေန႔ ေျပာၾကားလိုက္ပါတယ္။ စဥ္းစားလို႔ေတာင္မရေလာက္ေအာင္ သတ္မွတ္ခ်က္မ်ားတဲ့အခ်က္ေတြကို လိုက္နာရေတာ့မယ့္ အေျခအေနျဖစ္ေနတယ္လို႔ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ အခြန္ေငြတိုးေကာက္ဖို႔နဲ႔ အစိုးရေထာက္ပံ့ေၾကးေတြကို ပယ္ဖ်က္ဖို႔ IMF ကေတာင္းဆိုထားေပမဲ့ ေရြးေကာက္ပြဲက်င္းပဖို႔ရွိေနခ်ိန္မွာ ဒီအခ်က္ေတြ ေဆာင္ရြက္ဖို႔ ပါကစၥတန္အစိုးရက အရင္က ျငင္းဆန္ေနတာပါ။ ဘ႑ာေရး အက်ပ္အတည္းအတြက္ အကူအညီရဖို႔ ႏွစ္ဘက္ ေဆြးေႏြးပြဲ လခ်ီၾကာေနၿပီးတဲ့ေနာက္ ေနာက္ဆုံး ႀကိဳးပမ္းတဲ့ အေနနဲ႔ IMF ကိုယ္စားလွယ္အဖြဲ႕ အဂၤါေန႔က ပါကစၥတန္ကို လာေရာက္ခဲ့တာပါ။
ဝန္ႀကီးခ်ဳပ္ Sharif က သူ႔အေနနဲ႔ အေသးစိတ္ အခ်က္အလက္ေတြကို ေျပာမွာ မဟုတ္ေပမယ့္ ပါကစၥတန္တို႔ ႀကဳံေတြ႕ေနရတဲ့ စီးပြားေရး စိန္ေခၚမႈကေတာ့ မစဥ္းစားႏိုင္ေလာက္ေအာင္ ျဖစ္ေနေၾကာင္း၊ ဒီႀကိဳတင္ သတ္မွတ္ခ်က္ေတြကို လက္ခံရေတာ့မွာ ျဖစ္ေၾကာင္း ေျပာပါတယ္။ ေငြေပးေငြယူ ရွင္းတမ္း အၾကပ္အတည္း ျပႆနာ၊ ႏိုင္ငံေရး နဲ႔ လုံၿခဳံေရး အေျခအေန ဆိုးဝါးေနတာေတြ ေပါင္းစပ္ၿပီး ပါကစၥတန္ႏိုင္ငံရဲ႕ စီးပြားေရးက ေအာက္ဆုံးအဆင့္ကို ေရာက္ေနတာပါ။ ၾကာသပေတးေန႔ကေတာ့ ပါကစၥတန္ ဗဟိုဘဏ္က ႏိုင္ငံျခား အရံေငြ ၃.၁ ဘီလီယံအထိ က်ဆင္းေနၿပီ ျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။

[Unicode]

IMF ကြိုတင်သတ်မှတ်ချက်တွေ ပါကစ္စတန်လက်ခံရမယ့်ကိန်းဆိုက်

ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံခြားကြွေးမြီပြဿနာတွေနဲ့ စီးပွားရေးကို ကုစားဖို့အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ဆီကနေ ဘဏ္ဍာရေး အကူအညီရယူဖို့ ကြိုတင်သတ်မှတ်ချက်တွေကို သဘောတူရတော့မယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ စဉ်းစားလို့တောင်မရလောက်အောင် သတ်မှတ်ချက်များတဲ့အချက်တွေကို လိုက်နာရတော့မယ့် အခြေအနေဖြစ်နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ အခွန်ငွေတိုးကောက်ဖို့နဲ့ အစိုးရ ထောက်ပံ့ကြေးတွေကို ပယ်ဖျက်ဖို့ IMF ကတောင်းဆိုထားပေမဲ့ ရွေးကောက်ပွဲကျင်းပဖို့ရှိနေချိန်မှာ ဒီအချက်တွေ ဆောင်ရွက်ဖို့ ပါကစ္စတန်အစိုးရက အရင်က ငြင်းဆန်နေတာပါ။ ဘဏ္ဍာရေး အကျပ်အတည်းအတွက် အကူအညီရဖို့ နှစ်ဘက် ဆွေးနွေးပွဲ လချီကြာနေပြီးတဲ့နောက် နောက်ဆုံး ကြိုးပမ်းတဲ့ အနေနဲ့ IMF ကိုယ်စားလှယ်အဖွဲ့ အင်္ဂါနေ့က ပါကစ္စတန်ကို လာရောက်ခဲ့တာပါ။
ဝန်ကြီးချုပ် Sharif က သူ့အနေနဲ့ အသေးစိတ် အချက်အလက်တွေကို ပြောမှာ မဟုတ်ပေမယ့် ပါကစ္စတန်တို့ ကြုံတွေ့နေရတဲ့ စီးပွားရေး စိန်ခေါ်မှုကတော့ မစဉ်းစားနိုင်လောက်အောင် ဖြစ်နေကြောင်း၊ ဒီကြိုတင် သတ်မှတ်ချက်တွေကို လက်ခံရတော့မှာ ဖြစ်ကြောင်း ပြောပါတယ်။ ငွေပေးငွေယူ ရှင်းတမ်း အကြပ်အတည်း ပြဿနာ၊ နိုင်ငံရေး နဲ့ လုံခြုံရေး အခြေအနေ ဆိုးဝါးနေတာတွေ ပေါင်းစပ်ပြီး ပါကစ္စတန်နိုင်ငံရဲ့ စီးပွားရေးက အောက်ဆုံးအဆင့်ကို ရောက်နေတာပါ။ ကြာသပတေးနေ့ကတော့ ပါကစ္စတန် ဗဟိုဘဏ်က နိုင်ငံခြား အရံငွေ ၃.၁ ဘီလီယံအထိ ကျဆင်းနေပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

XS
SM
MD
LG