သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရေဘေးဒဏ်သင့်သူ အဆမတန် များပြား

ပါကစ္စတန်နိုင်ငံမှာ ရေလွှမ်းမိုးမှုကြီးဟာ လူပေါင်း ၁၄ သန်းနီးပါးကို ဘေးဒုက္ခ ရောက်စေတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ဒီအရေအတွက်ဟာ ၂၀၀၄ ခုနှစ်က ဖြစ်ခဲ့တဲ့ ဆူနာမီ ရေလှိုင်းဒဏ်၊ ၂၀၀၅ ခုနှစ်က ပါကစ္စတန်မှာပဲ လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ ဒီနှစ် ဟေတီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်တွေကြောင့် ဘေးဒုက္ခ ရောက်ရသူ အားလုံးပေါင်းထက်ကို ကျော်လွန်ပါသေးတယ်။

အဲဒီ သဘာ၀ ဘေးအန္တရာယ် တခုချင်းစီမှာ သေဆုံးခဲ့ရသူ အရေအတွက်ကတော့ ပါကစ္စတန် ရေလွှမ်းမိုးမှုမှာ အခုချိန်ထိ သေဆုံးခဲ့ပြီးတဲ့ လူပေါင်း ၁,၆၀၀ ကျော်ထက် အဆမတန် ပိုများပါတယ်။

ဒါပေမဲ့ ရေကြီးမှုကြောင့် နောက်ထပ် လူ ၂,၀၀၀,၀၀၀ ဘေးဒဏ်သင့်ကြရပြီး ပြန်လည်ထူထောင်ဖို့အတွက် အကူအညီ တမျိုးမဟုတ် တမျိုး လိုအပ်တယ်လို့ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေး အေဂျင်စီ အကြီးအကဲ မော်ရီဇီယို ဂီယူလီယာနို (Maurizio Giuliano) က ဒီကနေ့ တနင်္လာနေ့မှာ ပြောပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) ဟာ ပန်ဂျပ်ပြည်နယ်က ဘေးဒဏ်သင့် ဒေသတွေကို ဒီကနေ့ သွားရောက် ကြည့်ရှုခဲ့ပြီး ဒီသဘာဝဘေးဒုက္ခဟာ နိုင်ငံ့သမိုင်းမှာ အဆိုးရွားဆုံး ဖြစ်တယ်လို့ ပြောပါတယ်။

အနောက်မြောက်ပိုင်းက ခိုင်ဘာ ပက်ခ်တွန်ခွာ (Khyber-Pakhtunkhwa) ပြည်နယ်ဟာ အဆိုးရွားဆုံး ဒဏ်ခံရတဲ့နေရာ ဖြစ်ပါတယ်။ လူ ၆၀၀,၀၀၀ ကျော်ဟာ တံတားနဲ့ လမ်းတွေ အများစု ရေတိုက်စားခံထားရတဲ့ ဆွာတ့်တောင်ကြား ဒေသမှာ ဘယ်မှမသွားနိုင်ဘဲ ပိတ်မိနေကြပါတယ်။

This item is part of
XS
SM
MD
LG