သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရေဘေး နိုင်ငံတကာ အကူအညီ အကြီးအကျယ် လို

ကယ်ဆယ်ရေးစခန်းတခု အတွင်းမှ ပါကစ္စတန် ရေဘေးဒုက္ခသည်များ။ သြဂုတ် ၉၊ ၂၀၁၀။
ကယ်ဆယ်ရေးစခန်းတခု အတွင်းမှ ပါကစ္စတန် ရေဘေးဒုက္ခသည်များ။ သြဂုတ် ၉၊ ၂၀၁၀။

လူပေါင်း ၁၄ သန်းနီးပါး ဒုက္ခရောက်နေရတဲ့၊ အပျက်အစီး များလှတဲ့ ပါကစ္စတန်နိုင်ငံက ရေဘေး ဒုက္ခသည်တွေအတွက် နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု လုပ်ငန်းတွေ အခုထက်ပိုပြီး တိုးလုပ်သင့်တယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

အခု ပါကစ္စတန်နိုင်ငံအတွက် ငွေကြေးထောက်ပံ့မှုတွေဟာ လုံလောက်မှု မရှိဘူးလို့ အစ္စလမ္မာဘတ်မြို့က ကုလသမဂ္ဂ အရာရှိတွေက အင်္ဂါနေ့မှာ ပြောလိုက်တာပါ။

နိုင်ငံတကာ အလှူရှင်တွေက ကုလသမဂ္ဂကို အမေရိကန်ဒေါ်လာ ၂၇ သန်း လွှဲပေးခဲ့ပြီး ဖြစ်သလို ကူညီထောက်ပံ့ရေး လုပ်ငန်းတွေအတွက် နောက်ထပ် သန်း ၆၀ လှူဒါန်းဖို့လည်း ကတိပေးထားတယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ အီရှ်ရတ် ရီဇဗီ (Ishrat Rizvi) က ဗွီအိုအေကို ပြောပါတယ်။

ရေရှည် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ သန်း ထောင်နဲ့ချီ ကုန်ကျမှာ ဖြစ်သလို အခု အရေးပေါ် ကူညီထောက်ပံ့ရေး ကိစ္စတွေအတွက်လည်း ဒေါ်လာ သန်း ရာနဲ့ချီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ပြောကြပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်လောက်က စတင်ခဲ့တဲ့ ရေကြီးမှုမှာ ပါကစ္စတန် အနောက်မြောက်ပိုင်း ပြည်နယ် ခိုင်ဘာ ပက်ခ်တွန်ခွာ (Khyber- Pakhtunkhwa) ဟာ ထိခိုက်မှု အများဆုံး ရှိခဲ့တဲ့ နေရာပါ။ ပြည်နယ်ထဲက လူပေါင်း ၁,၆၀၀ သေဆုံးခဲ့ရပါတယ်။ ဆင်းဒ်နဲ့ ပန်ဂျပ်ပြည်နယ်တွေလည်း ရေကြီးတဲ့ဒဏ်ကို ဆိုးဆိုးရွားရွား ခံခဲ့ရပါတယ်။

လူနေအိမ်တွေ အမြောက်အမြား ပျက်စီးသွားခဲ့တာကြောင့် လောလောဆယ် လူ ၂ သန်းအတွက် ယာယီ အမိုးအကာတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရသူ မာတင် နက်ဆားကီး (Martin Nesirky) က ပြောပါတယ်။

This item is part of
XS
SM
MD
LG