သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မှာ ဗလီတရားပွဲ ကြိုတင်ခွင့်ပြုချက် ယူရမည်


ပါကစ္စတန်၊ Rawalpindi မှာ ဝတ်ပြုဆုတောင်းသူများ
ပါကစ္စတန်၊ Rawalpindi မှာ ဝတ်ပြုဆုတောင်းသူများ

ပါကစ္စတန်နယ်မြေကို အသုံးပြုပြီး အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒကို လုပ်ဆောင်နေသူတွေ လျော့ချရေး ပါကစ္စတန် အစိုးရအပေါ် ဖိအားပေးမှုတွေ များလာနေတဲ့အချိန်မှာဘဲ ဗလီကျောင်းတွေမှာ သောကြာနေ့တိုင်း မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်တွေ ဟောကြားမယ့် ခေါင်းစဉ်တွေအတွက် ကြိုတင် ခွင့်ပြုချက်ယူရမယ့် အစီအစဉ်ကို ချမှတ်ဖို့ အာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။

တိုင်းပြည်အတွင်း ကြီးထွားလာနေတဲ့ အစွန်းရောက် ဝါဒနဲ့ ဂိုဏ်းဂဏစွဲ ဝါဒဟာ ပါကစ္စတန်အတွက် ကြီးမားတဲ့ အန္တရာယ် ဖြစ်ယုံသာမကဘဲ အိမ်နီးချင်း နိုင်ငံတွေအတွက်ပါ လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေ ဖြစ်ပေါ်စေတဲ့အတွက် ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ စဉ်းစားလာတာ ဖြစ်ပါတယ်။ သောကြာနေ့တိုင်းမှာ ပြုလုပ်တဲ့ တရားဟောပွဲတွေအတွင်း တခြား နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေး စစ်ပွဲတွေမှာ ပါဝင် ဆင်နွဲကြဖို့ တချို့ တရားဟောဆရာတွေက စည်းရုံးလေ့ရှိတယ်လို့ ဆိုပါတယ်။

အချက် ၁၃ ချက်ပါတဲ့ ဒီအစဉ်ကို အမျိုးသားလှုပ်ရှားမှု အစီအစဉ် - NAC လို့ အစိုးရက အမည်ပေးထားပြီး အကြမ်းဖက်မှု၊ အစွန်းရောက် ဝါဒ၊ ဂိုဏ်းဂဏစွဲ ဝါဒတွေကို တိုက်ဖျက်ဖို့နဲ့ တိုင်းပြည်အတွင်း သည်းခံနိုင်မှုရှိရေးတို့အတွက် အမျိုးသား စီမံကိန်းတရပ်အဖြစ် ၂၀၁၅ ခုနှစ်မှာ အစိုးရက ချမှတ်ခဲ့တဲ့ အစီအစဉ်ရဲ့ တစိတ် တဒေသလည်း ဖြစ်ပါတယ်။

တိုင်းပြည်အတွင်းက လူငယ်တွေအကြား ကြီးထွားလာနေတေဲ့ အစွန်းရောက်မှုဆိုင်ရာ စိန်ခေါ်မှုတွေကို ကျော်လွားနိုင်ရေးအတွက် အပတ်စဉ် သောကြာနေ့ တရားဟောတဲ့ အစီအစဉ်တွေကို ထိန်းချုပ်ဖို့ စီစဉ်ခြင်းဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စည်းဝေးပွဲ ပြုလုပ်ပြီးတဲ့နောက် ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး Ahsan Iqbal က ကြေညာလိုက်တာ ဖြစ်ပါတယ်။ အဲဒီ စည်းဝေးပွဲကို တိုင်းပြည်အတွင်းက အထင်ကရ တက္ကသိုလ်ကြီးတွေရဲ့ ဒုတိယအကြီးအကဲတွေပါ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပါကစ္စတန်မှာ ဗလီတရားပွဲ ကြိုတင်ခွင့်ပြုချက် ယူရမည်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG