သုံးရလွယ်ကူစေသည့် Link များ

ပါကစ္စတန်မြို့တော်မှာ အပူလှိုင်းကြောင့် လူ ၇၀၀ ကျော်သေဆုံး


ပါကစ္စတန်နိုင်ငံ ကရာချိမြို့တော်မှာ လွန်ခဲ့တဲ့ သုံးရက်အတွင်း ပြင်းထန်တဲ့ အပူလှိုင်းကြောင့် လူ ၇၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး ဒီကနေ့အထိ အပူရှိန် လျော့ကျသွားမယ့် အရိပ်လက္ခဏာ မတွေ့ရသေးပါဘူး။

လူဦးရေ သန်း ၂၀ ရှိတဲ့မြို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်တာကြောင့် ပန်ကာတွေ၊ လေအေးပေးစက်တွေကို ဖွင့်လို့မရတဲ့အတွက် အခြေအနေ ပိုဆိုးနေတာပါ။ အခုဆိုရင် အပူဒဏ်ကို ခံနိုင်အောင် ကြိုးစားတဲ့အနေနဲ့ လူအများအပြား လမ်းတွေပေါ်မှာ ထွက်အိပ်နေကြပါတယ်။

ဒေသတွင်း ဆေးရုံတွေမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး စစ်ဘက်ဆရာဝန်တွေလည်း ကူညီ ကုသပေးနေပါတယ်။

ကရာချိမြို့တော်မှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က အပူချိန် ၄၅ ဒီဂရီ ဆဲလ်ဆီးယပ်စ်အထိ ရောက်သွားခဲ့ပြီး၊ Sindh ပြည်နယ်ရဲ့ ကျန်တဲ့နေရာတွေမှာလည်း ပါကစ္စတန်နိုင်ငံမှာ အခုချိန်ဟာ ကမ္ဘာတဝှမ်းက မူဆလင်တွေ နေထွက်ချိန်ကနေ နေဝင်ချိန်အထိ အစာ မစားဘဲ ဥပုသ်သီလ ဆောက်တည်ကြတဲ့ ရာမာဒန် အခါကြီးရက်ကြီး အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ချစ်ချစ်တောက်အောင်ပူတဲ့ အပူချိန်အောက်မှာ ပါကစ္စတန်နိုင်ငံသားတွေ အစာမစား ရေမသောက်ဘဲ ဥပုသ်စောင့်နေကြရပါတယ်။

XS
SM
MD
LG