သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်က အလိုအရှိဆုံး အကြမ်းဖက်ခေါင်းဆောင် အသေဖမ်းမိ


ပါကစ္စတန်အတွင်းမှာ အသေဖမ်းမိတဲ့ အယ်လ်ကိုင်းဒါးခေါင်းဆောင် Adnan Shukrijumah.
ပါကစ္စတန်အတွင်းမှာ အသေဖမ်းမိတဲ့ အယ်လ်ကိုင်းဒါးခေါင်းဆောင် Adnan Shukrijumah.

၂၀၀၉ ခုနှစ်က နယူးယောက် မြေအောက်ရထားလမ်းစနစ်ကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့မှုနဲ့ အမေရိကန် အလိုရှိနေတဲ့ al-Qaida ထိပ်ပိုင်းခေါင်းဆောင် တဦးကို ပါကစ္စတန်တပ်ဖွဲ့ဝင်တွေက အသေ ဖမ်းဆီးမိခဲ့တဲ့အကြောင်း ပါကစ္စတန်စစ်တပ်က ပြောဆိုလိုက်ပါတယ်။

အာဖဂန်နဲ့နယ်စပ် ဝါဇီရစ်စတန်တောင်ပိုင်း ရှင် ဝါ ဆခ့် ဒေသက အဒ်နန် ရှုကရီဂျူမား (Adnan Shukrijumah) ရဲ့ခြံဝင်းကို စနေနေ့မနက် အစောပိုင်းက ဝင်ရောက်စီးနင်းပြီး သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ပါကစ္စတန်စစ်တပ်က ပြောဆိုခဲ့တာပါ။ သူနဲ့အတူ နောက်ထပ် အပေါင်းအပါ ၂ ဦးလည်း စီးနင်းမှုအတွင်း သေဆုံးခဲ့သလို၊ ၅ ဦးလည်း ဖမ်းဆီးမိခဲ့တယ်လို့ ပါကစ္စတန်စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဇွန်လတုန်းက စစ်သွေးကြွအခြေစိုက်စခန်းတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို တိမ်းရှောင်ရင်း Shukrijumah (ရှုကရီဂျူမား) ဟာ မြောက်ပိုင်း ဝါဇီရစ္စတန် လူမျိုးစုဒေသကနေ တောင်ပိုင်း ဝါဇီရစ္စတန်ဒေသကို မကြာသေးခင်ကပဲ ထွက်ပြေးခဲ့တာဖြစ်ပါတယ်။

အမေရိကန် ထောက်လှမ်းရေးဗျူရို FBI ကတော့ ဆော်ဒီနိုင်ငံဖွား Shukrijumah (ရှုကရီဂျူမား) ဟာ အမေရိကန်က အလိုအရှိဆုံး အကြမ်းဖက်သမား စာရင်းဝင်ဖြစ်ပြီး ဖမ်းဆီးပေးနိုင်သူကို ဒေါ်လာ ၅ သန်း ဆုငွေပေးမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

XS
SM
MD
LG