သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် စားနပ်ရိက္ခာဖြန့်ဝေဌာန လူအုပ်ပိသေဆုံးမှု ဖြစ်ပွါး


ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိမြို့မှာ အစားအစာအခမဲ့ဝေငှတဲ့နေရာတခုမှာ လူအုပ်ပိပြီး သေဆုံးသူများ။ (မတ်လ ၃၁၊ ၂၀၂၃)
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိမြို့မှာ အစားအစာအခမဲ့ဝေငှတဲ့နေရာတခုမှာ လူအုပ်ပိပြီး သေဆုံးသူများ။ (မတ်လ ၃၁၊ ၂၀၂၃)

{{Zawgyi/Unicode}}

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ Karachi မှာရှိတဲ့ အခမဲ့အစားအသောက်ဝေငှတဲ့စင်တာမှာ သောကြာနေ့က လူအုပ်ပိတာကြောင့် အနည်းဆုံး ၁၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိကြောင်း အာဏာပိုင်တို့က ပြောပါတယ်။

သေဆုံး ထိခိုက်သူအများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။ ကရာချိကစက်ရုံတခုအပြင်မှာ မူဆလင်တို့ရဲ့ရာမာဒန်ဥပုသ်လအတွင်း ဝန်ထမ်းတွေ အတွက် အစားအသောက်ဝေမျှတဲ့စင်တာမှာ လူအုပ်ပိခဲ့တာပါ။ အမျိုးသမီးတွေ အများစုပါဝင်တဲ့ ရာနဲ့ချီတဲ့လူအုပ်က အစားအသောက်တွေရရှိရေး အပြင်းအထန်တိုးဝှေ့ တွန်းထိုးကြတာမှာ တချို့က အနီးကရေမြောင်းထဲကို ပြုတ်ကျကြတယ်လို့ မျက်မြင်တွေ့သူတွေနဲ့ ရဲ တပ်ဖွဲ့က ပြောပါတယ်။

အခြေခံကုန်စည်တွေနဲ့ စားသောက်ကုန်ဈေးတွေ ကြီးမြင့်မှုနဲ့ ရင်ဆိုင်နေရတဲ့ ပါကစ္စတန်မှာ သောကြာနေ့ လူအုပ်ပိ လူသေဆုံးမှုတွေကြောင့် ပုဂ္ဂလိကနဲ့ အစိုးရထောက်ပံ့တဲ့ စားနပ်ရိက္ခာကူညီမှုစင်တာတွေမှာ ဒီရက်ပိုင်းအတွင်း သေဆုံးရသူ အနည်းဆုံး ၂၂ ယောက်ထိ ရောက်ရှိသွားစေပါတယ်။ လူဦးရေ ၂၃၂ သန်းရှိတဲ့ ပါကစ္စတန်နိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး စီးပွားရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

စံချိန်ကျိုးတဲ့အထိ ငွေကြေးဖောင်းပွမှုဒဏ်ကနေ သက်သာစေရေးအတွက် သန်းနဲ့ချီတဲ့ ဝင်ငွေနည်းမိသားစုတွေကိုကူညီရေး ရာမာဒန်ဥပုသ်လအစပိုင်းက စလို့ အခမဲ့ ဂျုံမှုန့် ဖြန့်ဝေပေးရေးအစီအစဉ်ကို ဝန်ကြီးချုပ် Shehbaz Sharif အစိုးရက ဆောင်ရွက်ခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှု ၄၀ ရာခိုင်နှုန်းကျော် ရှိမယ်လို့ တရားဝင်ခန့်မှန်းထားပြီး ပြီးခဲ့တဲ့နှစ်အတွင်း ဂျုံမှုန့်ဈေးနှုန်းဟာ ၄၅ ရာခိုင်နှုန်းကျော် ထိုးတက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

{{Unicode}}

ပါကစ်စတနျ စားနပျရိက်ခာဖွန့ျဝဌောန လူအုပျပိသဆေုံးမှု ဖွဈပှါး





XS
SM
MD
LG