ပါကစၥတန္ ႏုိင္ငံမွာ ပထမဆံုးေသာ အမ်ိဳးသမီး တရားရံုးခ်ဳပ္ တရားသူႀကီး တဦး တနလာၤေန႔က က်မ္းက်ိန္လိုက္ၿပီး မူဆလင္ အမ်ားစု ႏုိင္ငံမွာ ေယာက္်ားေတြ ႀကီးစိုးတဲ႔ တရားစီရင္ေရး သမိုင္းေၾကာင္းမွာ သမိုင္း၀င္ အခိုက္အတန္႔ အျဖစ္ ႀကိဳဆိုဂုဏ္ျပဳၾကပါတယ္။
ၿမိဳ႕ေတာ္ Islamabad မွာ က်င္းပတဲ႔ အသက္ ၅၅ ႏွစ္ အရြယ္ Ayesha Malik ရဲ႕ က်မ္းက်ိန္ပြဲကို ရုပ္သံက တိုက္ရိုက္ ထုတ္လႊင့္ခဲ႔ပါတယ္။ အခုဆိုရင္ အမ်ိဳးသား တရားသူႀကီး ၁၆ ဦးနဲ႔ အတူ တရားရံုးခ်ဳပ္မွာ သူမ ပါ၀င္လာၿပီ ျဖစ္ပါတယ္။ တရားရံုးခ်ဳပ္ရဲ႕ ပထမဆံုးေသာ အမ်ိဳးသမီး တရားသူႀကီး ျဖစ္လာတဲ႔ အတြက္ တရားသူႀကီး Ayesha Malik ကို ဂုဏ္ျပဳလိုပါေၾကာင္း၊ အားလံုး အဆင္ေျပပါေစေၾကာင္း သူမ အတြက္ ဆုေတာင္းေၾကာင္း ၀န္ႀကီးခ်ဳပ္ Imran Khan က တြစ္တာ လူမႈကြန္ရက္မွာ ေရးသားခဲ႔ပါတယ္။ ၂၀၁၂ ခုႏွစ္မွာ ပန္ဂ်ပ္ျပည္နယ္ ဗဟိုတရားရံုးကေန တရားရံုးခ်ဳပ္ကို Malik ကို ရာထူးတိုးေပးေရး လုပ္ငန္းစဥ္မွာ အထူးတလည္ အျငင္းပြားခဲ႔ၾကပါတယ္။ တရားသူႀကီးေတြကို ရာထူးတိုးေပးေရး ဆံုးျဖတ္တဲ႔ ပါကစၥတန္ရဲ႕ အဖြဲ႔၀င္ ၉ ဦးပါ တရားေရး ေကာ္မရွင္က Malik ကို ရာထူးတိုးေပးမႈကို ၿပီးခဲ႔တဲ႔ ႏွစ္က ပယ္ခ်ခဲ႔ၿပီး ဒီႏွစ္မွာေတာ့ ေထာက္ခံမဲ ၅ မဲ ၊ ကန္႔ကြက္မဲ ၄ မဲနဲ႔ ေရြးခ်ယ္ခဲ႔တာ ျဖစ္ပါတယ္။
ပါကစၥတန္ ႏုိင္ငံတ၀န္းက ေရွ႕ေန ေကာင္စီေတြနဲ႔ ေရွ႕ေန အဖြဲ႔အစည္းေတြက သူမကို အမည္စာရင္း တင္သြင္းမႈကို ျပင္းျပင္းထန္ထန္ ကန္႔ကြက္ခဲ႔ၾကတာပါ။ ျပည္နယ္ တရားရံုးရဲ႕ လုပ္သက္အၾကာဆံုး ဥပေဒ ပညာရွင္ ၃ ဦးထဲမွာ Malik မပါ၀င္တာေၾကာင့္ သူမဟာ လုပ္သက္ အရ ေဘာင္မ၀င္ဘူးလို႔ ေျပာဆိုခဲ႔ၾကတာ ျဖစ္ပါတယ္။ Harvard တကၠသိုလ္ဆင္း Malik ရဲ႕ ၿပီးခဲ႔တဲ႔ႏွစ္က လာဟိုး ဗဟိုတရားရံုးမွာ သူမရဲ႕ သမိုင္း၀င္ စီရင္ခ်က္ အေပၚ အမ်ားက ခ်ီးက်ဴးခဲ႔ၾကတာပါ။ ႏုိင္ငံရဲ႕ လူဦးေရ အထူထပ္ဆံုး ျဖစ္တဲ႔ ပန္ဂ်ပ္ ျပည္နယ္မွာ လိင္ပိုင္းဆိုင္ရာ တိုက္ခုိက္ခံရသူေတြ အမ်ိဳးသမီးေတြကို အပ်ိဳ စစ္ မစစ္ စမ္းသပ္မႈကို တရားမ၀င္လုပ္ရပ္ အျဖစ္ ဆံုးျဖတ္ စီရင္ခဲ႔တာ ျဖစ္ပါတယ္။
--------------------------
ပါကစ္စတန်ရဲ့ ပထမဦးဆုံး အမျိုးသမီးတရားသူကြီးချုပ် ကျမ်းသစ္စာကျိန်ဆို
ပါကစ္စတန် နိုင်ငံမှာ ပထမဆုံးသော အမျိုးသမီး တရားရုံးချုပ် တရားသူကြီး တဦး တနလာၤနေ့က ကျမ်းကျိန်လိုက်ပြီး မူဆလင် အများစု နိုင်ငံမှာ ယောက်ျားတွေ ကြီးစိုးတဲ့ တရားစီရင်ရေး သမိုင်းကြောင်းမှာ သမိုင်းဝင် အခိုက်အတန့် အဖြစ် ကြိုဆိုဂုဏ်ပြုကြပါတယ်။
မြို့တော် Islamabad မှာ ကျင်းပတဲ့ အသက် ၅၅ နှစ် အရွယ် Ayesha Malik ရဲ့ ကျမ်းကျိန်ပွဲကို ရုပ်သံက တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။ အခုဆိုရင် အမျိုးသား တရားသူကြီး ၁၆ ဦးနဲ့ အတူ တရားရုံးချုပ်မှာ သူမ ပါဝင်လာပြီ ဖြစ်ပါတယ်။ တရားရုံးချုပ်ရဲ့ ပထမဆုံးသော အမျိုးသမီး တရားသူကြီး ဖြစ်လာတဲ့ အတွက် တရားသူကြီး Ayesha Malik ကို ဂုဏ်ပြုလိုပါကြောင်း၊ အားလုံး အဆင်ပြေပါစေကြောင်း သူမ အတွက် ဆုတောင်းကြောင်း ဝန်ကြီးချုပ် Imran Khan က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ပန်ဂျပ်ပြည်နယ် ဗဟိုတရားရုံးကနေ တရားရုံးချုပ်ကို Malik ကို ရာထူးတိုးပေးရေး လုပ်ငန်းစဉ်မှာ အထူးတလည် အငြင်းပွားခဲ့ကြပါတယ်။ တရားသူကြီးတွေကို ရာထူးတိုးပေးရေး ဆုံးဖြတ်တဲ့ ပါကစ္စတန်ရဲ့ အဖွဲ့ဝင် ၉ ဦးပါ တရားရေး ကော်မရှင်က Malik ကို ရာထူးတိုးပေးမှုကို ပြီးခဲ့တဲ့ နှစ်က ပယ်ချခဲ့ပြီး ဒီနှစ်မှာတော့ ထောက်ခံမဲ ၅ မဲ ၊ ကန့်ကွက်မဲ ၄ မဲနဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ပါကစ္စတန် နိုင်ငံတဝန်းက ရှေ့နေ ကောင်စီတွေနဲ့ ရှေ့နေ အဖွဲ့အစည်းတွေက သူမကို အမည်စာရင်း တင်သွင်းမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတာပါ။ ပြည်နယ် တရားရုံးရဲ့ လုပ်သက်အကြာဆုံး ဥပဒေ ပညာရှင် ၃ ဦးထဲမှာ Malik မပါဝင်တာကြောင့် သူမဟာ လုပ်သက် အရ ဘောင်မဝင်ဘူးလို့ ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။ Harvard တက္ကသိုလ်ဆင်း Malik ရဲ့ ပြီးခဲ့တဲ့နှစ်က လာဟိုး ဗဟိုတရားရုံးမှာ သူမရဲ့ သမိုင်းဝင် စီရင်ချက် အပေါ် အများက ချီးကျူးခဲ့ကြတာပါ။ နိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး ဖြစ်တဲ့ ပန်ဂျပ် ပြည်နယ်မှာ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရသူတွေ အမျိုးသမီးတွေကို အပျို စစ် မစစ် စမ်းသပ်မှုကို တရားမဝင်လုပ်ရပ် အဖြစ် ဆုံးဖြတ် စီရင်ခဲ့တာ ဖြစ်ပါတယ်။