သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ဖွိုက်ကာကွယ်ဆေးသစ် တိုက်ကျွေးရေး ပါကစ္စတန်မှာ စတင်


ပါကစ္စတန်မှာ တိုက်ဖွိုက်ရောဂါသည် ကလေးငယ်များကို စောင့်ရှောက်နေစဉ်
ပါကစ္စတန်မှာ တိုက်ဖွိုက်ရောဂါသည် ကလေးငယ်များကို စောင့်ရှောက်နေစဉ်

(Zawgyi/ Unicode)

ဆေးမတိုးတဲ့ အူရောင်ငန်းဖျား တိုက်ဖွိုက်ရောဂါ ပြန့်နှံ့ဖြစ်ပွားနေတာကို ထိန်းချုပ်ရေး ကလေးငယ်တွေကို ပုံမှန် ကာကွယ်ဆေး တိုက်ကျွေးတဲ့အစီအစဉ်မှာ ပါကစ္စတန်နိုင်ငံဟာ ကာကွယ်ဆေးသစ်တမျိုးကို စသုံးတဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ၂၀၁၆ ခုနှစ်ကစလို့ ဒီရောဂါပိုး ပြန့်နှံ့ဖြစ်ပွားနေတာဖြစ်ပြီး လူ ၁ သောင်းကျော် ရောဂါကူးစက်ခံထားရပြီးတော့ အများစုဟာ တောင်ပိုင်း Sindh ပြည်နယ်ကဖြစ်ပါတယ်။ superbug လို့ခေါ်တဲ့ ဘက်တီးရီးယား မျိုးကွဲတခုဟာ ဆေးမတိုးတော့ တဲ့အဆင့်ထိ တဖြည်းဖြည်းရောက်လာပြီး နိုင်ငံတကာကိုပျံ့နှံ့မယ်အန္တရာယ် ရှိနေတာပါ။

၂၀၁၇ ခုနှစ်က ပါကစ္စတန်မှာ တိုက်ဖွိုက်ရောဂါဖြစ်ပွားမှု ၆၃% ၊ တိုက်ဖွိုက်ကြောင့်သေဆုံးမှု ၇၀% ဟာ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေဖြစ်တယ်လို့ ကာကွယ်ဆေးထိုးမယ့် အစီအစဉ်နဲ့ ဆက်စပ်တဲ့ သောကြာနေ့ တရားဝင်ကြေညာချက်ထဲမှာ ဖော်ပြ ထားပါတယ်။

ဒီကာကွယ်ဆေးတိုက် အစီအစဉ်ကို ဂျီနီဗာအခြေစိုက် GAVI ကာကွယ်ဆေးအစီအစဉ် ညွန့်ပေါင်းအဖွဲ့က ရန်ပုံငွေ ထောက်ပံ့ တာဖြစ်ပြီး သီတင်းနှစ်ပတ်ကြာမယ်လို့ ပါကစ္စတန် တာဝန်ရှိသူတွေကပြောပါတယ်။ Sindh ပြည်နယ် မြို့ပြဒေသတွေက အသက် ၉ လကနေ ၁၅ နှစ်အကြား ကလေးငယ် ၁၀ သန်းကို ကာကွယ်ဆေးတိုက်မှာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထောက်ခံထားတဲ့ တိုက်ဖွိုက်ရောဂါ ပူးပေါင်း ကာကွယ်ဆေး TCV ဟာ ခြောက်လအရွယ်ထိ ငယ်တဲ့ကလေးတွေကို တိုက်နိုင်တဲ့ ပထမဆုံး ကာကွယ်ဆေးဖြစ်ပြီး အဖျားတက်တာကနေ ရေရှည်ကာကွယ်နိုင်တယ်လို့ သတ်မှတ်ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


....................


(Unicode)






XS
SM
MD
LG