သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းဆန္ဒပြပွဲ အစ္စရေးလ် လုံခြုံရေးတွေရဲ့ နှိမ်နင်းမှုနဲ့ကြုံ


ဂျေရုဆလင်ကို အစ္စရေးလ်နိုင်ငံမြို့တော်အဖြစ် အမေရိကန်သမ္မတ Donald Trump တရားဝင် အသိအမှတ်ပြုလိုက်တဲ့အပေါ် မကျေနပ်ကြောင်း ပြသဖို့ ပါလက်စတိုင်းအုပ်စုတွေက အထွေထွေသပိတ် ဆင်နွှဲဖို့ တိုက်တွန်းထားချိန်မှာပဲ Bethlehem မြို့က ဒီကနေ့ ဆန္ဒပြပွဲမှာတော့ ပါလက်စတိုင်းသားတွေကို အစ္စရေးလ်လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေသုံးပြီး နှိမ်နင်းခဲ့ပါတယ်။

ဂျေရုဆလင်ကို အစ္စရေးလ်နိုင်ငံ မြို့တော်အဖြစ် တရားဝင်အသိအမှတ်ပြုပြီး၊ အမေရိကန်သံရုံးကိုလည်း ပြောင်းရွှေ့အခြေစိုက်ဖို့ ကြေညာခဲ့ပြီးနောက်မှာပဲ ဂျေရုဆလင်မှာ အစ္စရေးလ်က လုံခြုံရေးတွေ တိုးမြှင့်ချထားလိုက်တာပါ။ အခုလိုတင်းမာမှုတွေ ကြုံရလေ့ရှိတဲ့ အရင်တုန်းက အခြေအနေမျိုးမှာဆိုရင်တော့ ဂျေရုဆလင်မြို့က Temple Mount ဘုရားကျောင်း လာရောက်သူတွေကို အစ္စရေးလ်က အသက်အရွယ် အပိုင်းအခြားအလိုက် ကန့်သတ်လေ့ ရှိတတ်ပါတယ်။

ဒါပေမဲ့လည်း ဘုရားကျောင်းမှာ အနှောက်အယှက်လုပ်မယ့် အရိပ်လက္ခဏာ မတွေ့ရတဲ့အတွက် အသက်ကန့်သတ်ချက် အမိန့်ထုတ်မှာ မဟုတ်ကြောင်း အစ္စရေးလ် ရဲတပ်ဖွဲ့ ပြောခွင့်ရသူ Mickey Rosenfeld က ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း တစုံတရာ အနှောက်အယှက်ရှိလာမယ့် ဆိုရင်တော့ ချက်ချင်းတုံ့ပြန်ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။

မွတ်စလင်တွေက ဒီနေရာကို Noble Sanctuary လို့ခေါ်ပြီး၊ ဂျူးတွေကတော့ Temple Mount ဘုရားကျောင်းလို့ ခေါ်တာ ဖြစ်ပါတယ်။ သမ္မတထရမ့်က ဂျေရုစလင်မြို့ကို အစ္စရေးလ်ရဲ့ မြို့တော်အဖြစ်အသိအမှတ်ပြုလိုက်တာနဲ့ ပတ်သက်ပြီး အရှေ့အလယ်ပိုင်းဒေသ နဲ့ မွတ်စလင်အများစုနေထိုင်တဲ့နိုင်ငံတွေမှာ သောကြာနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ မလေးရှား နဲ့ အင်ဒိုနီးရှားနိုင်ငံက အမေရိကန်သံရုံးရှေ့တွေမှာ လူတွေရာ ထောင်နဲ့ချီပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG