သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်း ဆန္ဒပြသူ ၇ ဦး အစ္စရေးလ် ပစ်ခတ်လို့သေဆုံး


အစ္စရေးလ်-ဂါဇာ နယ်စပ်ဒေသမှာ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေ စုဝေးနေကြတာနဲ့အမျှ ပါလက်စတိုင်းဆန္ဒပြသူ ၇ ဦး ကို သောကြာနေ့မှာ အစ္စရေးလ်စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ လုပ်သားတွေကပြောပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၆ နှစ်အရွယ်တဦးလည်း ပါဝင်ပြီး ရုန်းရင်းဆန်ခတ် အခြေအနေအတွင်း နောက်ထပ် ပါလက် စတိုင်း ၄၀၈ ယောက်လည်း ဒဏ်ရာရသွားတယ်လို့ ဂါဇာ ကျန်းမာရေးဌာနက ပြောပါတယ်။

အခုသေဆုံးသူတွေနဲ့ဆို အစ္စရေးလ်စစ်တပ်က ပစ်လို့ သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကနေ ဆိုရင် ၂၇ ယောက်ထက်မနည်း ရှိသွားပါပြီ။

နယ်စပ်ခြံစည်းရိုး ကျိုးပေါက်မသွားအောင် တားဖို့အတွက် အစ္စရေးလ်စစ်သားတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ၊ ကျည်အစစ်တွေသုံးပြီး ဖြိုခွဲခဲ့ပါတယ်။ ဆန္ဒပြသူတွေကလည်း ခြံစည်းရိုးနားမှာ မော်တော်ကားတာယာတွေကို မီးရှို့တာကြောင့် ကောင်းကင်မှာ အမည်းရောင် မီးခိုးလုံးကြီးဖြစ်နေပါတယ်။

ပါလက်စတိုင်းဆန္ဒပြသူတွေဟာ ပေါက်ကွဲစေတဲ့ပစ္စည်းတွေ၊ မီးလောင်ဗုံးတွေ အများအပြားနဲ့ ပစ်ပေါက်ခဲ့ကြသလို ဆန္ဒပြသူ တချို့ဟာ နယ်စပ်ခြံစည်းရိုးကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ကြတယ်လို့ အစ္စရေးလ်စစ်တပ်ကပြောပါတယ်။

အစ္စရေးလ်နဲ့ ဂါဇာကမ်းမြောင်ဒေသကို ပိုင်းခြားထားတဲ့ ခြံစည်းရိုးကနေ မီတာ ၂၀၀ ၃၀၀ လောက်အဝေးမှာ ပါလက်စတိုင်း ဆန္ဒပြသူတွေက တဲတွေထိုးပြီး စခန်းချနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG