သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပန်ဆန်းမြို့အနီး စည်းရိုးကာမှု တရုတ်ဘက်ကရပ်ဆိုင်း


တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်တခုမြင်ကွင်း။ ဇန်နဝါရီ ၁၂၊ ၂၀၀၉။
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်တခုမြင်ကွင်း။ ဇန်နဝါရီ ၁၂၊ ၂၀၀၉။

တရုတ်မြန်မာနယ်စပ် မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ် ထဲမှာမနေ့က စက်တင်ဘာ၁၉ရက်က တရုတ်နိုင်ငံသားတချို့ စက်ယန္တယားတွေနဲ့ မြေတူးဖော်၊ကွန်ကရစ်ခြံစည်းရိုးကာ တာတွေလုပ်ဆောင်ခဲ့ပြီး မြန်မာအာဏာပိုင်ဘက်က တရုတ်နိုင်ငံပြည်ပရေးရာတာဝန်ရှိသူတွေဆီကို ကန့်ကွက်လွှာပေးပို့ခဲ့တာကြောင့် ဒီနေ့စက်တင်ဘာ၂၀မနက်ပိုင်းမှာ ခြံစည်းရိုးကာရံတာကို ပြန်ဖျက်သိမ်းသွားပါတယ်။ ဒီအကြောင်းဗွီအိုအေ မြန်မာပိုင်းသတင်းထောက်ကိုဇော်ထက် ပေးပို့ထားပါတယ်။

ခြံစည်ရိုး ကာရံတဲ့နေရာက တရုတ်-မြန်မာ နှစ်နိုင်ငံသတ်မှတ်ထားတဲ့ နယ်စပ်စည်းမျဉ်းရဲ့အတွင်းဘက်ကို မီတာ၅၀လောက်ကို ကျော်ပြီးဝင်ရောက်လာတာဖြစ်ပြီး တရုတ်ဘက်ခြမ်းနယ်စပ်တလျှောက်မှ ာငါးမွေးမြူရေးလုပ်ငန်းရှိပြီး မြန်မာဘက်ခြမ်းမှာတော့စိုက်ပျိုးရေးလုပ်ငန်းနဲ့ဒုက္ခသည်စခန်းတွေလည်း ရှိပါတယ်။ မြန်မာဘက်က အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ကန့်ကွက်လိုက်ပြီး ဒီနေ့မနက်မှာတရုတ်ဘက်က ခြံစည်းရိုးကာရံနေတာတွေကို ပြန်ဖျက်သိမ် းလိုက်ပါတယ်။

ဒီလို ခြံစည်းရိုးဝင်ကာတာနဲ့ပတ်သတ်ပြီးအကြောင်းစုံ ကိုတော့မသိရသေးဘူးလို့ မူဆယ်ခရိုင်ရဲ့အုပ်ချုပ်ရေးမှူးဦးလှိုင်စိုးသန့်က အခုလိုပြောပါတယ်။

“ကျွန်တော်ခန့်မှန်းတာကတော့ တကယ့်အာဏာပိုင်အဖွဲ့က လုပ်မယ်လို့တော့မယူဆပါဘူး။ ကျွန်တော်ခန့်မှန်းတာပေါ့နော် ဒါကတော့တိကျချင်မှတိကျမှာပေါ့။ မြို့အုပ်ချုပ်ရေးမှူးကို ကျွန်တော်တို့သွားပြီးတော့မှအဲဒါလေး မြေပြင်အခြေအနေလေး သွားပြီးပြန်ကြည့်ခိုင်းပါတယ်။ နောက်သက်ဆိုင်ရာGPS တို့ဘာတို့နဲ့တကယ်ကျော်သလားနယ်နမိတ်ကျော်သလား၊ အတိအကျလေးကို ကျွန်တော်တို့ပြန်တိုင်းခိုင်းပြီးတော့မှ ဟိုဟာဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့လည်း ဟိုဘက်ကို(တရုတ်ကို)ပြည်ပရေးရာဘက်ကို ကန့်ကွက်လွှာတွေဘာတွေပို့ထားတော့ အကုန်လုံးလုပ်ထားတော့ သူတို့ဘက်ကလည်း ရပ်တော့ရပ်ဆိုင်းသွားတာပေါ့။ အကြောင်းအရင်းကတော့ အတိအကျတော့ ကျွန်တော်တို့မသိနိုင်သေးဘူးဗျ။ကျွန်တော့်ဆီမှာလည်း အစီရင်ခံစာ reportက ရောက်မလာသေးလို့ပါ။ကျွန်တော်အဲဒီလောက်ပဲ ပြောလို့ရလို့ပါ။”

ပန်ဆိုင်းမြို့နယ်ခွဲဖိုင်ကောင်းကျေးရွာမှာ ဒေသခံ၅၀၀ကျော်ရှိပြီး အရင်ကလည်း မကြာခဏဆိုသလို တရုတ်ဒေသခံတွေနဲ့ နယ်စပ်မြေပိုင်ဆိုင်မှု ပြဿနာတွေဖြစ်ပွားခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG