သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှို့ဝှက် ထောက်လှမ်းမှု အစီအစဉ်တွေ ကန့်သတ်ဖို့ ခုံရုံး အကြံပေး


သမ္မတအိုဘားမားအစိုးရအနေနဲ့ အစိုးရရဲ့ ထောက်လှမ်းရေးအစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲမှုတွေလုပ်သွားဖို့ဆိုပြီး ပြင်ပ ဆန်းစစ်ရေး ခုံရုံးအဖွဲ့တရပ်ကနေ အကြံပြုလိုက်ပါတယ်။

သမ္မတအိုဘားမားနဲ့ အဲဒီခုံရုံးအဖွဲ့ အဖွဲ့ဝင်တွေ တွေ့ဆုံခဲ့ပြီးတဲ့နောက်၊ အကြံပြုချက် ၄၆ ချက်ပါဝင်တဲ့ ခုံရုံးရဲ့ အစီရင်ခံစာကို ဗုဒ္ဓဟူးနေ့မှာ အများပြည်သူအတွက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

သမ္မတအိုဘားမားနဲ့ သူ့ရဲ့အမျိုးသားလုံခြုံရေး အကြံပေးအဖွဲ့ဟာ အဲဒီအစီရင်ခံစာကို လေ့လာသုံးသပ်ပြီးရင်၊ ဘယ်အကြံပြုချက်တွေကို လိုက်နာ အကောင်အထည် ဖော်သင့်သလဲဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောပါတယ်။

အဖွဲ့ရဲ့ အကြံပြုချက်တွေထဲမှာတော့ အမေရိကန်နိုင်ငံသားတွေရဲ့ တယ်လီဖုန်းတွေ အင်တာနက်မှတ်တမ်းမှတ်ရာတွေ ထောက်လှမ်းစုဆောင်းမှုကို ကန့်သတ်ဖို့နဲ့၊ NSA အမျိုးသားလုံခြုံရေးအေဂျင်စီကို ပြုပြင်သွားဖို့ ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

ပြည်ပကို တိမ်းရှောင်ထွက်ပြေးသွားတဲ့ NSA ကန်ထရိုက်တာဟောင်း Edward Snowden ရဲ့ NSA ထောက်လှမ်းမှု အစီအစဉ်တွေကို ဖောက်ချမှုကြောင့်၊ အမေရိကန်အစိုးရရဲ့ ထောက်လှမ်းရေး အစီအစဉ်တွေအပေါ် အများပြည်သူ မကျေမနပ်မှုတွေ ရှိခဲ့တာပါ။
XS
SM
MD
LG