သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲရစ်မြို့ ဓါးနဲ့တိုက်ခိုက်မှု ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

ပြင်သစ်နိုင်ငံ ပါရီမြို့တော်က ရဲဌာနချုပ်မှာ အလုပ်သမားတယောက်က ဓားနဲ့ တိုက်ခိုက် မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ သမဂ္ဂကပြောဆိုလိုက်ပါတယ်။ တိုက်ခိုက်သူကိုတော့ အသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့သမဂ္ဂ တာဝန်ရှိသူ Loic Travers က ပြောဆိုခဲ့တာပါ။

တိုက်ခိုက်သူဟာ ဝန်ထမ်းတဦးဖြစ်မယ်လို့ ယူဆထားကြောင်း ပြောပေမဲ့ အတည်ပြုလို့ မရသေးကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ တိုက်ခိုက်မှုဟာ ရုံးခန်းတခုက စတင်ခဲ့ပြီး နောက်ပိုင်းမှာ တခြားနေရာတွေမှာပါ ဆက်ဖြစ်ခဲ့ပုံ ရတယ်လို့လည်း ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း လူအသေအပျောက်ရှိခဲ့ကြောင်း မြို့တော်ဝန် Anne Hidalgo ကလည်း အတည်ပြုခဲ့တာပါ။

ပါရီမြို့တော်က နာမည်ကျော် Notre-Dame ဘုရားကျောင်းအနီး ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အကြောင်းရင်းကိုတော့ လတ်တလော မသိရသေးပါဘူး။ တိုက်ခိုက်သူဟာ အရင်ကတော့ အလုပ်ခွင်မှာ ပြဿနာမရှိခဲ့ဖူးကြောင်းလည်း ရဲသမဂ္ဂ ပြောခွင့်ရသူက ပြောပါတယ်။

ရဲဌာနချုပ်နဲ့ အနီးအနားတဝိုက်ကိုတော့ လုံခြုံရေးအတွက် ပိတ်ထားလိုက်ပြီး၊ အနီးဆုံးဘူတာတခုကိုလည်း ပိတ်ထားလိုက်ကြောင်း သယ်ယူပို့ဆောင်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် ပြည်ထဲရေးဝန်ကြီး Christophe Castaner ဟာလည်း ဒီကနေ့ တူရကီနိုင်ငံကို သွားမယ့်အစီအစဉ်ကို ရွှေ့ခဲ့တာပါ။

[Unicode Version]





ပဲရစ်မြို့ ဓါးနဲ့တိုက်ခိုက်မှု ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG