သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂ နိုင်ငံ အတူတွဲ နေထိုင်ရေး ပါရီညီလာခံ အတည်ပြု

ပါရီညီလာခံ
ပါရီညီလာခံ

ရွေးကောက်ခံ သမ္မတ Donald Trump က အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ ပေါ်လစီကို သိသိသာသာ ပြောင်းလဲ ပစ်လိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့ အချိန်မှာပဲ နိုင်ငံပေါင်း ၇ဝ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တွေ့ဆုံပြီး အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ရရှိရေးအတွက် အကောင်းဆုံးနည်းလမ်းဟာ ၂ နိုင်ငံ ဒွန်တွဲ နေထိုင်ရေး အစီအစဉ်ပဲ ဖြစ်တယ်လို့ ထပ်လောင်း အတည်ပြုလိုက်ကြပါတယ်။

ပဲရစ် ဆွေးနွေးပွဲကို အစ္စရေးနဲ့ ပါလက်စတိုင်းက ကိုယ်စားလှယ်တွေ တက်ရောက်ခြင်းမရှိပါဘူး။ ပြင်သစ်သမ္မတ Francois Hollande ကတော့ ဒီဆွေးနွေးပွဲလည်း အရေးပါကြောင်း ဆွေးနွေးပွဲ အောင်မြင်မှုမရှိဘူးလို့ ဝေဖန် ပြောဆိုမှုတွေဟာ မှားယွင်းကြောင်း ဆွေးနွေးပွဲ အပြီးမှာ ပြောကြားလိုက်ပါတယ်။

ဒီ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ညီလာခံဟာ တနှစ်အတွင်း ပြင်သစ်နိုင်ငံအနေနဲ့ ဒုတိယအကြိမ်မြောက် ခေါ်ယူ ကျင်းပခြင်း ဖြစ်ပြီး အလားတူ ညီလာခံတခု ၂၀၁၇ ခုနှစ် မကုန်ခင်မှာ ထပ်မံ ကျင်းပသွားမယ်လို့ ညီလာခံအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နှစ်ပေါင်းများစွာ ကြာမြင့်လာနေပြီဖြစ်တဲ့ ငြိမ်းချမ်း လုပ်ငန်းစဉ်တွေ ၈ နှစ်တာ ကာလအတွင်း သမ္မတ Barack Obama အစိုးရအနေနဲ့ အောင်မြင်မှုရအောင် လုပ်ဆောင်ပေးနိုင်ခြင်းမရှိပဲ အိုဘားမားရဲ့ အုပ်ချုပ်မှုသက်တမ်း ကုန်ဆုံးဖို့ ရက်ပိုင်းအလိုမှာ ဒီ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပတာ ဖြစ်ပါတယ်။

Trump အနေနဲ့ အစ္စရေးရဲ့ ရွေ့ပြောင်း နေရာချထားမှုတွေအပေါ် ပိုလက်ခံတဲ့သဘော ပြသနေတဲ့အပြင် အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကိုလည်း Tel Aviv ကနေ Jerusalem မြို့ကို ပြောင်းမယ်လို့ ပြောဆိုနေတာကြောင့် ၂ နိုင်ငံ ယှဉ်တွဲ နေထိုင်ရေး အစီအစဉ်ဟာ ပျက်ပြားတော့မလားဆိုပြီး တချို့က စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

၂ နိုင်ငံ အတူတွဲ နေထိုင်ရေး ပါရီညီလာခံ အတည်ပြု
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG