သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုးၿဗဲမွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြ တိုက္ပြဲျဖစ္ 


(မွတ္တမ္းဓါတ္ပုံ)

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မိုးၿဗဲၿမိဳ႕မွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရး အဖြဲ႕ၾကား ပစ္ခတ္ေနၾကၿပီး၊ လက္နက္သံေတြကိုလည္း ၿမိဳ႕ထဲကေန ၾကားေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ မိုးၿဗဲၿမိဳ႕အေျခအေန သတင္းေပးပို႔ထားတာကို ကိုရဲမြန္ ေျပာျပေပးမွာပါ။

မိုးၿဗဲမွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြ တိုက္ပြဲျဖစ္

{{Zawgyi/Unicode}}
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မိုးၿဗဲၿမိဳ႕မွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရး အဖြဲ႕ၾကား ပစ္ခတ္ေနၾကၿပီး၊ လက္နက္သံေတြကိုလည္း ၿမိဳ႕ထဲကေန ၾကားေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ မိုးၿဗဲေဒသခံ ကာကြယ္ေရးအဖြဲ႕ကေတာ့ ျပည္သူေတြ ည ၇ နာရီကေန မနက္ ၅ နာရီအတြင္း ၿမိဳ႕တြင္း အသြားအလာ မလုပ္ၾကဖို႔ကို သတိေပးထားပါတယ္။ မိုးၿဗဲၿမိဳ႕အေျခအေန သတင္းေပးပို႔ထားတာကို ကိုရဲမြန္ ေျပာျပေပးမွာပါ။

ရွမ္း - ကယားနယ္စပ္၊ ရွမ္းျပည္ေတာင္ပိုင္း၊ မိုးၿဗဲၿမိဳ႕မွာ ဒီဇင္ဘာလ ၁ ရက္ေန႔ ေန႔လည္ပိုင္းက တိုက္ပြဲျပန္ျဖစ္ေနၿပီး လက္နက္ႀကီး လက္နက္ငယ္သံေတြကိုလည္း ၿမိဳ႕ထဲကေန ၾကားေနရတယ္လို႔ မိုးၿဗဲၿမိဳ႕ေဒသခံတဦးကေျပာပါတယ္။

" ေန႔ခင္းက ထိေတြ႕တိုက္ပြဲ ျပန္ျဖစ္တယ္။ ၁၁ နာရီေလာက္ မိုးၿဗဲအထြက္ဘက္မွာ တိုက္ပြဲျပန္ျဖစ္တယ္။ လက္နက္ႀကီး လက္နက္ငယ္ေတြေရာေပါ့။ ဒီ ညေနပိုင္းေတာ့ မၾကားရေတာ့ဘူး။ အခု တိုက္ပြဲျဖစ္တဲ့ေနရာက မိုးၿဗဲၿမိဳ႕ အေနာက္ဘက္ျခမ္းေလာက္ က်မယ္။ အဲဒီက ဘုရားကုန္းမွာ စစ္ေကာင္စီတပ္စြဲကတည္းက အဲဒီအနီးနား ပတ္ဝန္းက်င္ကလူေတြက မရွိေတာ့ဘူးေလ။ အကုန္လုံး ေျပာင္းေ႐ႊ႕ကုန္ၾကတာေပါ့ေနာ္။"

မိုးၿဗဲၿမိဳ႕မွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရး အဖြဲ႕ၾကား ပစ္ခတ္မႈေတြေၾကာင့္ တိုက္ပြဲျဖစ္ပြားတဲ့ ေနရာအနီးအနားက ျပည္သူေတြ ေဘးလြတ္ရာကို ထြက္ေျပးေနၾကရတာပါ။ တိုက္ပြဲအေျခအေန တည္ၿငိမ္စျပဳတဲ့ အခ်ိန္မွာ ကိုယ့္ရဲ႕ေနအိမ္ေတြဆီ ျပန္လာသူတခ်ိဳ႕ရွိေပမယ့္ အခုရက္ထဲ တိုက္ပြဲေတြျပန္ျဖစ္လို႔ ထပ္ၿပီးထြက္ေျပးၾကရတဲ့ အေျခအေနေတြ ႀကဳံေနရတယ္လို႔လည္း ေျပာပါတယ္။ မိုးၿဗဲၿမိဳ႕က ရပ္ကြက္ေနအိမ္တခ်ိဳ႕နဲ႔ စက္ေတာ္ရာေတာင္ေပၚမွာ စစ္ေကာင္စီတပ္ေတြ ေနရာယူထားလို႔ ျပည္သူေတြအေနနဲ႔ ၿမိဳ႕တြင္းအသြားအလာကို ည ၇ နာရီကေန မနက္ ၅ နာရီအတြင္း မသြားၾကဖို႔ကိုလည္း ေဒသခံကာကြယ္ေရးဘက္က ထုတ္ျပန္ထားပါတယ္။ တိုက္ပြဲၾကားမွာ ပိတ္မိမေနဖို႔ သူတို႔ကန႔္သတ္ထားတဲ့ အခ်ိန္မွာ အိမ္ျပင္မထြက္ၾကဘူးလို႔ ေဒသခံတဦးက ေျပာပါတယ္။

"တခ်ိဳ႕က ညႀကီးအခ်ိန္မေတာ္ သြားလာတာေတြ ရွိတာေပါ့။ အဲဒီလမ္းသြားရင္ ယာဥ္တိုက္မႈေတြလည္း ရွိတယ္။ အကယ္၍ တိုက္ပြဲေတြ မေတာ္တဆျဖစ္သြားမယ္ ဆိုရင္လည္း ျပည္သူေတြက ၾကားမွာပိတ္တာတို႔၊ ျပည္သူေတြ ထိတာမ်ိဳးေပါ့ေနာ္။ ေဒသခံကာကြယ္ေရးဘက္က ထုတ္ျပန္တဲ့အတိုင္း မသြားတာမ်ိဳးေတာ့ အဆင္ေျပပါတယ္။ ဒါေပမဲ့ အခု မနက္ ၆ နာရီခြဲ ၇ နာရီေလာက္မွ သြားလာၾကတာေပါ့ေနာ္။ ညဆိုလည္း ေစာေစာျပန္ၾကတယ္။ ၅ နာရီခြဲ ၆ နာရီေလာက္ဆို သြားလာတဲ့သူ မရွိဘူးေပါ့ေနာ္။"

ၿမိဳ႕တြင္းမွာ စစ္ေကာင္စီတပ္ရွိေနေပမယ့္ ႏွစ္ဖက္ထိပ္တိုက္ မေတြ႕ေသးဘဲ ပစ္ခတ္တာေတြေတာ့ ရွိေနတယ္လို႔ မိုးၿဗဲျပည္သူ႔ကာကြယ္ေရးတပ္ရဲ႕ တာဝန္ရွိသူတဦးက ေျပာပါတယ္။

"ၿမိဳ႕ထဲမွာ သူတို႔ရွိေနလို႔ေလ။ ေလာေလာဆယ္ ထိပ္တိုက္ေတာ့ မေတြ႕ရေသးဘူး၊ ပစ္ေတာ့ပစ္ေနတယ္။ ေဒသခံ အိုးအိမ္ပ်က္စီးတာေတာ့ ရွိတာေပါ့ေနာ္။"

ႏိုဝင္ဘာလ ၂၇ ရက္၊ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔တုန္းကလည္း မိုးၿဗဲၿမိဳ႕အေနာက္ျခမ္းမွာ ေတာထဲသြားတဲ့ လူငယ္ေတြ ေျမျမႇဳပ္မိုင္းနင္းမိၿပီး အဲဒီထဲက တဦးေသဆုံးခဲ့တယ္လို႔ ကယ္ဆယ္ေရးအဖြဲ႕က ေျပာပါတယ္။ ေဒသကာကြယ္ေရး အဖြဲ႕ကေတာ့ ႏွစ္ဖက္ထိပ္တိုက္ ေတြ႕တာမ်ိဳး မရွိေသးဘူးဆိုေပမယ့္ ပစ္ခတ္သံေတြကို ၿမိဳ႕ထဲကေန ၾကားေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

မိုးဗြဲမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်

{{Zawgyi/Unicode}}
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး အဖွဲ့ကြား ပစ်ခတ်နေကြပြီး၊ လက်နက်သံတွေကိုလည်း မြို့ထဲကနေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးဗြဲဒေသခံ ကာကွယ်ရေးအဖွဲ့ကတော့ ပြည်သူတွေ ည ၇ နာရီကနေ မနက် ၅ နာရီအတွင်း မြို့တွင်း အသွားအလာ မလုပ်ကြဖို့ကို သတိပေးထားပါတယ်။ မိုးဗြဲမြို့အခြေအနေ သတင်းပေးပို့ထားတာကို ကိုရဲမွန် ပြောပြပေးမှာပါ။

ရှမ်း - ကယားနယ်စပ်၊ ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လည်ပိုင်းက တိုက်ပွဲပြန်ဖြစ်နေပြီး လက်နက်ကြီး လက်နက်ငယ်သံတွေကိုလည်း မြို့ထဲကနေ ကြားနေရတယ်လို့ မိုးဗြဲမြို့ဒေသခံတဦးကပြောပါတယ်။

" နေ့ခင်းက ထိတွေ့တိုက်ပွဲ ပြန်ဖြစ်တယ်။ ၁၁ နာရီလောက် မိုးဗြဲအထွက်ဘက်မှာ တိုက်ပွဲပြန်ဖြစ်တယ်။ လက်နက်ကြီး လက်နက်ငယ်တွေရောပေါ့။ ဒီ ညနေပိုင်းတော့ မကြားရတော့ဘူး။ အခု တိုက်ပွဲဖြစ်တဲ့နေရာက မိုးဗြဲမြို့ အနောက်ဘက်ခြမ်းလောက် ကျမယ်။ အဲဒီက ဘုရားကုန်းမှာ စစ်ကောင်စီတပ်စွဲကတည်းက အဲဒီအနီးနား ပတ်ဝန်းကျင်ကလူတွေက မရှိတော့ဘူးလေ။ အကုန်လုံး ပြောင်းရွှေ့ကုန်ကြတာပေါ့နော်။"

မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး အဖွဲ့ကြား ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲဖြစ်ပွားတဲ့ နေရာအနီးအနားက ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာပါ။ တိုက်ပွဲအခြေအနေ တည်ငြိမ်စပြုတဲ့ အချိန်မှာ ကိုယ့်ရဲ့နေအိမ်တွေဆီ ပြန်လာသူတချို့ရှိပေမယ့် အခုရက်ထဲ တိုက်ပွဲတွေပြန်ဖြစ်လို့ ထပ်ပြီးထွက်ပြေးကြရတဲ့ အခြေအနေတွေ ကြုံနေရတယ်လို့လည်း ပြောပါတယ်။ မိုးဗြဲမြို့က ရပ်ကွက်နေအိမ်တချို့နဲ့ စက်တော်ရာတောင်ပေါ်မှာ စစ်ကောင်စီတပ်တွေ နေရာယူထားလို့ ပြည်သူတွေအနေနဲ့ မြို့တွင်းအသွားအလာကို ည ၇ နာရီကနေ မနက် ၅ နာရီအတွင်း မသွားကြဖို့ကိုလည်း ဒေသခံကာကွယ်ရေးဘက်က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲကြားမှာ ပိတ်မိမနေဖို့ သူတို့ကန့်သတ်ထားတဲ့ အချိန်မှာ အိမ်ပြင်မထွက်ကြဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

"တချို့က ညကြီးအချိန်မတော် သွားလာတာတွေ ရှိတာပေါ့။ အဲဒီလမ်းသွားရင် ယာဉ်တိုက်မှုတွေလည်း ရှိတယ်။ အကယ်၍ တိုက်ပွဲတွေ မတော်တဆဖြစ်သွားမယ် ဆိုရင်လည်း ပြည်သူတွေက ကြားမှာပိတ်တာတို့၊ ပြည်သူတွေ ထိတာမျိုးပေါ့နော်။ ဒေသခံကာကွယ်ရေးဘက်က ထုတ်ပြန်တဲ့အတိုင်း မသွားတာမျိုးတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အခု မနက် ၆ နာရီခွဲ ၇ နာရီလောက်မှ သွားလာကြတာပေါ့နော်။ ညဆိုလည်း စောစောပြန်ကြတယ်။ ၅ နာရီခွဲ ၆ နာရီလောက်ဆို သွားလာတဲ့သူ မရှိဘူးပေါ့နော်။"

မြို့တွင်းမှာ စစ်ကောင်စီတပ်ရှိနေပေမယ့် နှစ်ဖက်ထိပ်တိုက် မတွေ့သေးဘဲ ပစ်ခတ်တာတွေတော့ ရှိနေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

"မြို့ထဲမှာ သူတို့ရှိနေလို့လေ။ လောလောဆယ် ထိပ်တိုက်တော့ မတွေ့ရသေးဘူး၊ ပစ်တော့ပစ်နေတယ်။ ဒေသခံ အိုးအိမ်ပျက်စီးတာတော့ ရှိတာပေါ့နော်။"

နိုဝင်ဘာလ ၂၇ ရက်၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကလည်း မိုးဗြဲမြို့အနောက်ခြမ်းမှာ တောထဲသွားတဲ့ လူငယ်တွေ မြေမြှုပ်မိုင်းနင်းမိပြီး အဲဒီထဲက တဦးသေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ ဒေသကာကွယ်ရေး အဖွဲ့ကတော့ နှစ်ဖက်ထိပ်တိုက် တွေ့တာမျိုး မရှိသေးဘူးဆိုပေမယ့် ပစ်ခတ်သံတွေကို မြို့ထဲကနေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG