သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဆွေးနွေးပွဲအစီအစဉ် ပြောင်းလဲမှုတွေရှိ


မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား မနေ့ အင်္ဂါနေ့ကပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မူလစီစဉ်ထားတဲ့အတိုင်းမဟုတ်ဘဲ ဆွေးနွေးပွဲ အစီအစဉ် အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။

"နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး" မှာ NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားတပ်တွေအတွက် ခုလိုပြောင်းလိုက်တာလို့ အစိုးရက ဆိုပါတယ်။ ဒီ NCA (ခေါ်) တနိုင်ငံလုံး အပစ်အခပ်ရပ်စဲရေးစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ ဘက်ကရော ဘယ်လို မြင်ပါလဲ။ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဌေး ကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

မေး - ဟုတ်ကဲ့ ဦးဇော်ဌေးခင်ဗျ။ နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲမှာပေါ့နော် ဆွေးနွေးမယ့် အစီအစဉ်တချို့ကို အပြောင်းအလဲလုပ်လိုက်တယ်လို့ ကြားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ နည်းနည်းလေး ရှင်းပြပေးပါလား။

ဖြေ - “အမှန်က ၁၈၊ ၁၉ က framework review meeting မှာ ဘာကို အဓိကထားမလဲဆိုတော့ တနိုင်ငံလုံးမှာလုပ်မယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် လုပ်ငန်းလမ်းညွှန် ပြတ်အောင်ဆွေးနွေးမယ်ပေါ့နော်။ ဆွေးနွေးပြီးရင် ကျနော်တို့ ၂၁ ရက်နေ့ UPDGC မှာ အဲဒါကို အတည်ပြုပြီးတာနဲ့ နိုဝင်ဘာလထဲမှာ တနိုင်ငံလုံး နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ဆိုပြီးတော့ ရည်မှန်းပြီး လုပ်တာပေါ့။ ဆွေးနွေးပွဲမှာ ပါလာတာက လက်မှတ်မထိုးရသေးတဲ့ UNFC ရဲ့ ဆွေးနွေးဖို့ ဖွဲ့စည်းထားတဲ့ DPN ကနေ တောင်းဆိုထားတာက framework သူတို့က ဆွေးနွေးချင်တယ်ပေါ့နော်။ အရင်တုန်းက ဆွေးနွေးခဲ့တဲ့ဟာတွေမှာ သူတို့က digest ဖြစ်ချင်တယ်ပေါ့။ ဖြစ်ချင်တယ်ဆိုတဲ့အတွက် သူတို့က တောင်းဆိုတယ်။ တောင်းဆိုတဲ့အတွက် ကျနော်တို့ရဲ့ ဆွေးနွေးပွဲကို မနက်ဖြန်၊ သန်ဘက်ခါ နှစ်ရက်ရွှေ့ပြီးတော့ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ framework review ပေါ့နော် အဲဒါကို ကျနော်တို့ ဒီနေ့ လုပ်လိုက်တယ်။”

မေး - အခုလို လိုက်လျောပေးတာက NCA ထိုးဖို့ အလားအလာအတွက် ပိုကောင်းသွားစေ နိုင်တယ်လို့ရော ပြောလို့ရလား။

ဖြေ - “ကျနော်တို့ရဲ့ မူလရည်မှန်းချက်ကိုက ဒီ framework ကို review ပြုလုပ်ရခြင်း ရည်မှန်းချက်ပေါ့နော်။ ရည်မှန်းချက်ကိုက လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ownership ရလာပြီးတော့ ပါဝင်လာဖို့ ရည်မှန်းပြီးတော့ review meeting လုပ်တာဖြစ်ပါတယ်။ ဖြစ်တော့ သူတို့တောင်းဆိုတဲ့အတိုင်း ကျနော်တို့လုပ်ပေးလိုက်တာက လက်မှတ်မထိုးတဲ့အဖွဲ့တွေ ပါဝင်ရေးပေါ့နော်။ အဲဒါကို လုပ်တာဖြစ်တယ်။”

မေး - အဲတော့ ပြီးခဲ့တဲ့တနေ့ကလည်း NCA မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပဲပေါ့နော် သူတို့ရဲ့ တောင်းဆိုချက်တွေအပေါ် ဆွေးနွေးတဲ့အခါမှာလည်း သဘောတူညီချက်တချို့ ရခဲ့တယ်လို့ ကြားပါတယ်။ တိုးတက်မှု တစုံတရာဖြစ်တာပေါ့နော်။ အဲဒါလေးလည်း နည်းနည်း ရှင်းပြပေးလို့ရမလား။

ဖြေ - “အဓိကတော့ ကျနော်တို့ DPN နဲ့ ဆွေးနွေးတဲ့အပိုင်းပေါ့နော်၊ ဆွေးနွေးတဲ့အပိုင်းမှာ DPN တောင်းဆိုတဲ့ အချက်ကြီး ၈ ချက်ပေါ့။ အဲဒါကို ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါမှာ ယေဘုယျအားဖြင့် သဘောတူညီချက်တွေ ရတယ်ပေါ့။ ရတယ်ဆိုတော့ ဘယ်လိုသဘောတူညီချက် ရသလဲဆိုတော့ မူအားဖြင့်ပေါ့နော် သဘောတူညီတာတွေ များတယ်။ တချို့အချက်တွေ လေးချက်လောက်ကိုတော့ နှစ်ဦးနှစ်ဘက် ညှိနှိုင်းသဘောတူတယ်။ ကျန်တဲ့အချက်တွေမှာ အဓိကအားဖြင့် မူမှာ ကွဲလွဲခြင်းမရှိဘူး။ သဘောတူညီတယ်ပေါ့။ ပြောရရင်တော့ တော်တော်လေး အပြုသဘောဆောင်တဲ့ ရလဒ်ရတယ်လို့ အဲလို ပြောရမှာပေါ့။”

မေး - အဲတော့ ကျန်နေတဲ့အချက်တွေကိုရော ဆက်ပြီးတော့ ဆွေးနွေးနိုင်ပြီးတော့ NCA လက်မှတ်ထိုးနိုင်မယ့် အလားအလာ ဘယ်လိုရှိနေမလဲ။

ဖြေ - “ကျန်တဲ့အချက်တွေက ကျနော်တို့က အဓိကကတော့ ceasefire ထိုးပြီးတဲ့နောက်ပိုင်းမှာ ဖြစ်လာမယ့် အပစ်ရပ်ခိုင်မာရေးပေါ့နော်။ အဲဒါကို ဘယ်လိုလုပ်ကြမလဲဆိုတာ joint monitoring mechanism ခိုင်မာရေးကို သွားကြဖို့ နှစ်ဦးနှစ်ဘက်က လက်ခံတယ်။ လက်ခံတဲ့အပေါ်မှာ ဆက်ပြီးတော့ နည်းလမ်းတွေအပေါ်မှာတော့ ညှိကြရမှာပေါ့။”

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG