(Zawgyi/Unicode)
ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ကပ္ေရာဂါအဆင့္ သတ္မွတ္လိုက္တဲ့ Covid-19 ေၾကာင့္ ကမာၻတလႊားက Peace Corps အဂၤလိပ္စာျပေစတနာ့ဝန္ထမ္းေတြကို အေမရိကန္အစိုးရက ျပန္ေခၚမယ့္အစီအစဥ္ရဲ႕ အစိတ္အပိုင္းျဖစ္ပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ ကိုေဇာ္ထက္ သတင္းေပးပို႔ထားပါတယ္။
ၿငိမ္းခ်မ္းေရးေစတမန္အဖြဲ႕ Peace Corps ရဲ႕ ျမန္မာျပည္ဌာန ၫႊန္ၾကားေရးမႉး Jody Olsen ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာလည္း ဒါနဲ႔ပတ္သက္လို႔ သူတို႔ခက္ခက္ခဲခဲ ဆုံးျဖတ္ခဲ့ရေၾကာင္း ေရးသားထားပါတယ္။ အေမရိကန္သံ႐ုံး ေျပာခြင့္ရ Aryani Manring က Peace Corps Myanmar ရဲ႕ ကိုယ္စား ဗြီအိုေအကို အခုလိုေျပာျပပါတယ္။
“မတ္လ ၁၅ ေန႔စြဲနဲ႔ Peace Corps ၫႊန္ၾကားေရးမႉး Jody Olsen ရဲ႕ အိတ္ဖြင့္ေပးစာမွာ ကမာၻတဝန္းက သူတို႔ရဲ႕ ၿငိမ္းခ်မ္းေရး အစီအစဥ္ေတြကို ယာယီရပ္ဆိုင္းၿပီး ေစတနာ့ဝန္ထမ္းေတြကို သူတို႔ ျပန္ေခၚသြားမယ္ဆိုတာ ေျပာပါတယ္။ ဒါက Covid-19 ေရာဂါပိုး ပ်ံ႕ႏွံ႔လာတာတဲ့အေျခအေနကို တုံ႔ျပန္လိုက္တာပါ။ ကမာၻတဝန္း ခရီးသြားလုပ္ငန္းေတြ စိန္ေခၚမႈေတြရွိလာၿပီး၊ Peace Corps ရဲ႕ တာဝန္က ေစတနာ့ဝန္ထမ္းေတြ လုံၿခဳံမႈရွိဖို႔၊ ျမန္မာျပည္ကေန ထြက္ခြာႏိုင္ေအာင္ သတင္းအခ်က္အလက္ေတြ ေပးဖို႔ပါ။”
Peace Corps က သူရဲ႕ လူမႈေရး အစီအစဥ္ေတြကို အဆင္ေျပေလာက္တဲ့အခ်ိန္မွာ ဆက္ၿပီးလုပ္သြားဖို႔ရွိေၾကာင္း Aryani Manring ကေျပာပါတယ္။
ျမန္မာျပည္တြင္း Peace Corps ေစတနာ့ဝန္ထမ္းနဲ႔ သင္တန္းနည္းျပ စုစုေပါင္း ၆၇ ေယာက္ရွိၿပီး မေကြး၊ ပဲခူး နဲ႔ ရန္ကုန္အျပင္ ေဒသတခ်ိဳ႕မွာ လုပ္အားေပးေနတာပါ။
တကမာၻလုံးက ႏိုင္ငံေပါင္း ၁၄၀ ေက်ာ္မွာ Peace Corps ေစတနာ့ဝန္ထမ္းေပါင္း ၂၃၀,၀၀၀ ေက်ာ္ ရွိေနတာျဖစ္ၿပီး သူတို႔အားလုံးကို အေမရိကန္ျပည္ေထင္စုကို ျပန္လည္ေခၚယူဖို႔ စီစဥ္ေနတာပါ။
ႏိုင္ငံေပါင္း ၁၇၀ ေက်ာ္မွာ ကို႐ိုနာဗိုင္းရပ္ Covid-19 ကူးစက္ေနၿပီး ျမန္မာႏိုင္ငံမွာေတာ့ ဒီေရာဂါကူးစက္သူ မရွိေသးဘူးလို႔ က်န္းမာေရးဝန္ႀကီးဌာနက တရားဝင္သတင္းထုတ္ျပန္ထားတာပါ။ အေမရိကန္အစိုးရက ဒီေရာဂါတားဆီးဖို႔ ျမန္မာႏိုင္ငံအတြက္ ေဒၚလာ ၁.၈ သန္း ထပ္မံကူညီေပးမယ္လို႔ မတ္လ ၁၉ ရက္မွာ သတင္းထုတ္ျပန္ထားပါတယ္။
ဒီအလႈေငြေတြထဲက ေဒၚလာ ၇၀၀,၀၀၀ ကို ေရာဂါႀကိဳတင္ကာကြယ္ေရးမွာ သုံးဖို႔ WHO ကိုေပးတာျဖစ္ၿပီး က်န္တဲ့အလႈေငြေတြကေတာ့ က်န္းမာေရး အသိပညာေပးေနတဲ့ UNICEF နဲ႔ Save the Children ကို ေပးသြားမွာျဖစ္ပါတယ္။
[Unicode Version]
မြန်မာပြည်ရောက် အမေရိကန် Peace Corps စေတနာ့ဝန်ထမ်းတွေ ပြန်ခေါ်တော့မယ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကပ်ရောဂါအဆင့် သတ်မှတ်လိုက်တဲ့ Covid-19 ကြောင့် ကမ္ဘာတလွှားက Peace Corps အင်္ဂလိပ်စာပြစေတနာ့ဝန်ထမ်းတွေကို အမေရိကန်အစိုးရက ပြန်ခေါ်မယ့်အစီအစဉ်ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။
ငြိမ်းချမ်းရေးစေတမန်အဖွဲ့ Peace Corps ရဲ့ မြန်မာပြည်ဌာန ညွှန်ကြားရေးမှူး Jody Olsen ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ဒါနဲ့ပတ်သက်လို့ သူတို့ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရကြောင်း ရေးသားထားပါတယ်။ အမေရိကန်သံရုံး ပြောခွင့်ရ Aryani Manring က Peace Corps Myanmar ရဲ့ ကိုယ်စား ဗွီအိုအေကို အခုလိုပြောပြပါတယ်။
“မတ်လ ၁၅ နေ့စွဲနဲ့ Peace Corps ညွှန်ကြားရေးမှူး Jody Olsen ရဲ့ အိတ်ဖွင့်ပေးစာမှာ ကမ္ဘာတဝန်းက သူတို့ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်တွေကို ယာယီရပ်ဆိုင်းပြီး စေတနာ့ဝန်ထမ်းတွေကို သူတို့ ပြန်ခေါ်သွားမယ်ဆိုတာ ပြောပါတယ်။ ဒါက Covid-19 ရောဂါပိုး ပျံ့နှံ့လာတာတဲ့အခြေအနေကို တုံ့ပြန်လိုက်တာပါ။ ကမ္ဘာတဝန်း ခရီးသွားလုပ်ငန်းတွေ စိန်ခေါ်မှုတွေရှိလာပြီး၊ Peace Corps ရဲ့ တာဝန်က စေတနာ့ဝန်ထမ်းတွေ လုံခြုံမှုရှိဖို့၊ မြန်မာပြည်ကနေ ထွက်ခွာနိုင်အောင် သတင်းအချက်အလက်တွေ ပေးဖို့ပါ။”
Peace Corps က သူရဲ့ လူမှုရေး အစီအစဉ်တွေကို အဆင်ပြေလောက်တဲ့အချိန်မှာ ဆက်ပြီးလုပ်သွားဖို့ရှိကြောင်း Aryani Manring ကပြောပါတယ်။
မြန်မာပြည်တွင်း Peace Corps စေတနာ့ဝန်ထမ်းနဲ့ သင်တန်းနည်းပြ စုစုပေါင်း ၆၇ ယောက်ရှိပြီး မကွေး၊ ပဲခူး နဲ့ ရန်ကုန်အပြင် ဒေသတချို့မှာ လုပ်အားပေးနေတာပါ။
တကမ္ဘာလုံးက နိုင်ငံပေါင်း ၁၄၀ ကျော်မှာ Peace Corps စေတနာ့ဝန်ထမ်းပေါင်း ၂၃၀,၀၀၀ ကျော် ရှိနေတာဖြစ်ပြီး သူတို့အားလုံးကို အမေရိကန်ပြည်ထေင်စုကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတာပါ။
နိုင်ငံပေါင်း ၁၇၀ ကျော်မှာ ကိုရိုနာဗိုင်းရပ် Covid-19 ကူးစက်နေပြီး မြန်မာနိုင်ငံမှာတော့ ဒီရောဂါကူးစက်သူ မရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ထားတာပါ။ အမေရိကန်အစိုးရက ဒီရောဂါတားဆီးဖို့ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁.၈ သန်း ထပ်မံကူညီပေးမယ်လို့ မတ်လ ၁၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒီအလှုငွေတွေထဲက ဒေါ်လာ ၇၀၀,၀၀၀ ကို ရောဂါကြိုတင်ကာကွယ်ရေးမှာ သုံးဖို့ WHO ကိုပေးတာဖြစ်ပြီး ကျန်တဲ့အလှုငွေတွေကတော့ ကျန်းမာရေး အသိပညာပေးနေတဲ့ UNICEF နဲ့ Save the Children ကို ပေးသွားမှာဖြစ်ပါတယ်။