သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ပုလဲဆိပ္ကမ္း တိုက္ခိုက္ခံရမႈ ၇၈ ႏွစ္ျပည့္ အထိမ္းအမွတ္ က်င္းပ


၂၀၁၆ ခုႏွစ္က က်င္းပခဲ့သည့္ ပုလဲဆိပ္ကမ္းတုိက္ခုိက္မႈ ၇၅ ႏွစ္ျပည့္ ေအာက္ေမ့ဘြယ္ အခမ္းအနားတြင္ ေသနတ္ပစ္ေဖာက္ ဂုဏ္ျပဳရန္ ျပင္ဆင္ေနသည့္ အေမရိကန္ မရိမ္းတပ္ဖြဲ႔ဝင္မ်ား။ (ဒီဇင္ဘာ ၇၊ ၂၀၁၆)

(Zawgyi / Unicode)

ပုလဲဆိပ္ကမ္းမွာ လြန္ခဲ့တဲ့ ၇၈ ႏွစ္က ဒုတိယကမာၻစစ္အတြင္း ဂ်ပန္ေလတပ္က ဗံုးႀကဲလို႔ က်ဆံုးခဲ့ရတဲ့ အေမရိကန္ စစ္သည္ေတြအတြက္ ႏွစ္ပတ္လည္ ေအာက္ေမ့ဘြယ္ အခမ္းအနားကို စေနေန႔က က်င္းပတာမွာ လူေပါင္း ၂,၀၀၀ ေက်ာ္ တက္ေရာက္ခဲ့ၾကပါတယ္။

အေမရိကန္ကို ဒုတိယကမာၻစစ္ထဲ ဆြဲသြင္းခဲ့တဲ့ ပုလဲဆိပ္ကမ္း တိုက္ခိုက္ခံရမႈ ႏွစ္ပတ္လည္ပြဲစီစဥ္သူေတြက ဒီႏွစ္တက္ေရာက္သူေတြထဲ ၁၉၄၁ ခုႏွစ္ ဒီဇင္ဘာ ၇ ရက္ တုိက္ခိုက္မႈမွာ အသက္မေသဘဲ က်န္ရစ္ခဲ့သူ တဒါဇင္ေလာက္ပါတယ္လို႔ ဆိုပါတယ္။

အခုလို အသက္မေသ က်န္ရစ္ခဲ့သူေတြထဲမွာ လက္ရွိ အသက္အငယ္ဆံုးက အသက္ ၁၀၀ နီးပါး ေရာက္ေနပါၿပီ။

အသက္ ၉၇ ႏွစ္အရြယ္ Herb Elfring က ခုလို ပုလဲဆိပ္ကမ္းကို ျပန္ေရာက္တာေၾကာင့္ အသက္ေတြ ေပးခဲ့ရသူေတြ အားလံုးကို ျပန္ေျပာင္း အမွတ္ရမိေစတယ္လို႔ ဆိုပါတယ္။

မီရွီဂန္ျပည္နယ္ ဂ်က္ဆင္ၿမိဳ႕မွာေနထုိင္တဲ့ Elfring က ဆက္ၿပီး အသက္မေသဘဲ အခုခ်ိန္ထိ က်န္ေနသူ အနည္းငယ္ပဲ ရွိေတာ့တဲ့အထဲ သူက တေယာက္ျဖစ္တယ္၊ သူ႔အရင္ ေသဆံုးသြားခဲ့ရသူေတြကိုပါ အမွတ္ရမိေနတယ္လို႔ ဆက္ေျပာခဲ့ပါတယ္။

တကယ္ေတာ့ Elfring ရဲ႕ တပ္ရင္းတခုလံုးမွာ သက္ရွိထင္ရွား က်န္ရစ္သူဆိုလို႔ သူတေယာက္ပဲ ရွိေတာ့တာ ျဖစ္ပါတယ္။

---------------------------------

(Unicode)

ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှု ၇၈ နှစ်ပြည့် အထိမ်းအမှတ် ကျင်းပ

ပုလဲဆိပ်ကမ်းမှာ လွန်ခဲ့တဲ့ ၇၈ နှစ်က ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လေတပ်က ဗုံးကြဲလို့ ကျဆုံးခဲ့ရတဲ့ အမေရိကန် စစ်သည်တွေအတွက် နှစ်ပတ်လည် အောက်မေ့ဘွယ် အခမ်းအနားကို စနေနေ့က ကျင်းပတာမှာ လူပေါင်း ၂,၀၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

အမေရိကန်ကို ဒုတိယကမ္ဘာစစ်ထဲ ဆွဲသွင်းခဲ့တဲ့ ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှု နှစ်ပတ်လည်ပွဲစီစဉ်သူတွေက ဒီနှစ်တက်ရောက်သူတွေထဲ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက် တိုက်ခိုက်မှုမှာ အသက်မသေဘဲ ကျန်ရစ်ခဲ့သူ တဒါဇင်လောက်ပါတယ်လို့ ဆိုပါတယ်။

အခုလို အသက်မသေ ကျန်ရစ်ခဲ့သူတွေထဲမှာ လက်ရှိ အသက်အငယ်ဆုံးက အသက် ၁၀၀ နီးပါး ရောက်နေပါပြီ။

အသက် ၉၇ နှစ်အရွယ် Herb Elfring က ခုလို ပုလဲဆိပ်ကမ်းကို ပြန်ရောက်တာကြောင့် အသက်တွေ ပေးခဲ့ရသူတွေ အားလုံးကို ပြန်ပြောင်း အမှတ်ရမိစေတယ်လို့ ဆိုပါတယ်။

မီရှီဂန်ပြည်နယ် ဂျက်ဆင်မြို့မှာနေထိုင်တဲ့ Elfring က ဆက်ပြီး အသက်မသေဘဲ အခုချိန်ထိ ကျန်နေသူ အနည်းငယ်ပဲ ရှိတော့တဲ့အထဲ သူက တယောက်ဖြစ်တယ်၊ သူ့အရင် သေဆုံးသွားခဲ့ရသူတွေကိုပါ အမှတ်ရမိနေတယ်လို့ ဆက်ပြောခဲ့ပါတယ်။

တကယ်တော့ Elfring ရဲ့ တပ်ရင်းတခုလုံးမှာ သက်ရှိထင်ရှား ကျန်ရစ်သူဆိုလို့ သူတယောက်ပဲ ရှိတော့တာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG