သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘရာဇီး ေဘာလုံးအေက်ာ္အေမာ္ ပီလီရဲ႕စ်ာပန ေမြးရပ္ေျမမွာျပဳလုပ္


Brazil Pele

[[Zawgyi/Unicode]]

ဘရာဇီးႏိုင္ငံက ကမာၻေက်ာ္ ေဘာလုံးအေက်ာ္အေမာ္ ပီလီရဲ႕ဈာပနကို သူ႔ရဲ႕ေမြးရပ္ေျမ Santos မွာ ဒီေန႔က်င္းပၿပီး Santos ၿမိဳ႕ Urbano Caldira အားကစားကြင္းမွာ လူေတြ တန္းစီၿပီး ေနာက္ဆုံး ႏႈတ္ဆက္ ဂါရဝျပဳၾကပါတယ္။ ဒီေန႔ Santos ၿမိဳ႕ထဲမွာ ပီလီရဲ႕ ေခါင္းတလားကို လွည့္လည္ၿပီးရင္ သီးသန႔္ေနရာမွာ ေျမျမဳတ္သၿဂႋဳဟ္မွာပါ။

ဈာပအနအခမ္းအနားကို FIFA ကမာၻ႔ဖလားအဖြဲ႕ခ်ဳပ္ ဥကၠ႒ Gianni Infantino အပါအဝင္ ေတာင္အေမရိက ေဘာလုံးအဖြဲ႕ခ်ဳပ္က တာဝန္ရွိသူေတြ၊ ထင္ရွားတဲ့ အားကစားသမားေတြ တက္ေရာက္ၾကပါတယ္။ အသက္ ၈၂ ႏွစ္ရွိေနၿပီျဖစ္တဲ့ ပီလီဟာ အူမႀကီးကင္ဆာေရာဂါနဲ႔ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကစၿပီး ေဆး႐ုံတက္ ကုသမႈ ခံယူေနခဲ့ရာက ၾကာသပေတးေန႔တုန္းက ကြယ္လြန္သြားခဲ့တာပါ။

ပီလီဟာ ဘရာဇီးေဘာလုံးအသင္းအတြက္ ကမာၻ႔ဖလားဆု ၃ ႀကိမ္ရေအာင္ ကစားေပးခဲ့သူျဖစ္ပါတယ္။

၁၅ ႏွစ္အ႐ြယ္မွာ ဘရာဇီး Santos ကလပ္အသင္းမွာ စတင္ကစားခဲ့ၿပီး ေနာက္တႏွစ္မွာပဲ ႏိုင္ငံလက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ အသက္ ၁၇ ႏွစ္အ႐ြယ္မွာ အသက္အငယ္ ဆုံး ေဘာလုံးသမားအျဖစ္ ကမာၻ႔ဖလား ေဘာလုံးပြဲေတြမွာ ပါဝင္ကစားခြင့္ရခဲ့ၿပီး သူ ပထမဆုံး ဝင္ၿပိဳင္ကစားတဲ့ ၁၉၅၈ ခုႏွစ္မွာပဲ ပထမဆုံးကမၻာ့ဖလား ရရွိခဲ့ပါတယ္။ ၁၉၆၂ ခုႏွစ္နဲ႔ ၁၉၇၀ ခုႏွစ္ေတြမွာလည္း ေနာက္ထပ္ ကမာၻ႔ဖလားေတြကို Brazil ႏိုင္ငံအတြက္ ဆြတ္ခူးေပးခဲ့ပါတယ္။

သူ႔ကို ရာစုႏွစ္တခုအတြင္းအေကာင္းဆုံး ေဘာလုံးသမားအျဖစ္ ၂၀၀၀ ျပည့္ႏွစ္မွာ FIFA ကမာၻ႔ဖလားအဖြဲ႕ခ်ဳပ္ ကေ႐ြးခ်ယ္ဂုဏ္ျပဳခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

====================

ဘရာဇီး ဘောလုံးအကျော်အမော် ပီလီရဲ့ဈာပန မွေးရပ်မြေမှာပြုလုပ်

ဘရာဇီးနိုင်ငံက ကမ္ဘာကျော် ဘောလုံးအကျော်အမော် ပီလီရဲ့ဈာပနကို သူ့ရဲ့မွေးရပ်မြေ Santos မှာ ဒီနေ့ကျင်းပပြီး Santos မြို့ Urbano Caldira အားကစားကွင်းမှာ လူတွေ တန်းစီပြီး နောက်ဆုံး နှုတ်ဆက် ဂါရဝပြုကြပါတယ်။ ဒီနေ့ Santos မြို့ထဲမှာ ပီလီရဲ့ ခေါင်းတလားကို လှည့်လည်ပြီးရင် သီးသန့်နေရာမှာ မြေမြုတ်သြင်္ဂိုဟ်မှာပါ။

ဈာပအနအခမ်းအနားကို FIFA ကမ္ဘာ့ဖလားအဖွဲ့ချုပ် ဥက္ကဋ္ဌ Gianni Infantino အပါအဝင် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေ၊ ထင်ရှားတဲ့ အားကစားသမားတွေ တက်ရောက်ကြပါတယ်။ အသက် ၈၂ နှစ်ရှိနေပြီဖြစ်တဲ့ ပီလီဟာ အူမကြီးကင်ဆာရောဂါနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး ဆေးရုံတက် ကုသမှု ခံယူနေခဲ့ရာက ကြာသပတေးနေ့တုန်းက ကွယ်လွန်သွားခဲ့တာပါ။

ပီလီဟာ ဘရာဇီးဘောလုံးအသင်းအတွက် ကမ္ဘာ့ဖလားဆု ၃ ကြိမ်ရအောင် ကစားပေးခဲ့သူဖြစ်ပါတယ်။

၁၅ နှစ်အရွယ်မှာ ဘရာဇီး Santos ကလပ်အသင်းမှာ စတင်ကစားခဲ့ပြီး နောက်တနှစ်မှာပဲ နိုင်ငံလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာ အသက်အငယ် ဆုံး ဘောလုံးသမားအဖြစ် ကမ္ဘာ့ဖလား ဘောလုံးပွဲတွေမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး သူ ပထမဆုံး ဝင်ပြိုင်ကစားတဲ့ ၁၉၅၈ ခုနှစ်မှာပဲ ပထမဆုံးကမ္ဘာ့ဖလား ရရှိခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်နဲ့ ၁၉၇၀ ခုနှစ်တွေမှာလည်း နောက်ထပ် ကမ္ဘာ့ဖလားတွေကို Brazil နိုင်ငံအတွက် ဆွတ်ခူးပေးခဲ့ပါတယ်။

သူ့ကို ရာစုနှစ်တခုအတွင်းအကောင်းဆုံး ဘောလုံးသမားအဖြစ် ၂၀၀၀ ပြည့်နှစ်မှာ FIFA ကမ္ဘာ့ဖလားအဖွဲ့ချုပ် ကရွေးချယ်ဂုဏ်ပြုခဲ့ပါတယ်။

XS
SM
MD
LG