သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်စင်ပြင်ဆင်ရေး ပြင်သစ် အထက်လွှတ်တော် အတည်ပြု

ပင်စင်ပြင်ဆင်ရေး ပြင်သစ် အထက်လွှတ်တော် အတည်ပြု
ပင်စင်ပြင်ဆင်ရေး ပြင်သစ် အထက်လွှတ်တော် အတည်ပြု

ပြင်သစ်နိုင်ငံမှာ လူထုဆန္ဒပြပွဲတွေ၊ အဓိကရုဏ်းတွေနဲ့ လောင်စာစက်ရုံတွေမှာ ပိတ်ဆို့မှုတွေ ကြုံနေရတဲ့အထိ ဖြစ်ခဲ့ရတဲ့ ပင်စင်ခံစားခွင့် ပြုပြင်ပြောင်းလဲရေး ဥပဒေမူကြမ်းကို အထက်လွှတ်တော် အမတ်တွေက အတည်ပြုပေးလိုက်ပါတယ်။ ပင်စင် အငြိမ်းစား ယူခွင့်ရှိတဲ့ အနိမ့်ဆုံး အသက်ကို ၆၀ ကနေ ၆၂ နှစ်အထိ တိုးလိုက်တဲ့ ဥပဒေကို သောကြာနေ့မှာ အချိန်အတော်ကြာ အချေအတင် ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ထောက်ခံမဲ ၁၇၇ မဲ ကန့်ကွက်မဲ ၁၅၃ မဲ နဲ့ အတည်ပြုလိုက်တာပါ။

သမ္မတ နီကိုလပ်စ် ဆာကိုဇီ ကတော့ တိုင်းပြည် အကြွေးတင်မယ့်အဖြစ်က ကာကွယ်သွားနိုင်ဖို့ ပင်စင်ခံစားခွင့် စနစ်တခုလုံးကို ပြုပြင်ပြောင်းလဲမှ ဖြစ်မယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။ အထက်လွှတ်တော် အမတ်တွေ မဲမပေးမီ နာရီပိုင်းလောက် အလိုမှာပဲ ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ဆန္ဒပြနေတဲ့ အလုပ်သမား သမဂ္ဂဝင်တွေအပေါ် ပြင်သစ် အာဏာပိုင်တွေကတော့ ခပ်တင်းတင်း ပြုမူ ဆက်ဆံခဲ့တာပါ။

သောကြာနေ့ အစောပိုင်းမှာပဲ ဆန္ဒပြအလုပ်သမားတွေ အလုပ်ခွင်ပြန်ဝင်ဖို့ အစိုးရရဲ့ အမိန့်အတိုင်း ပဲရစ်မြို့တော် အနီးက အဓိက ရေနံချက်စက်ရုံကို အတင်းအကျပ် ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။ ဒီအတွက် အပြန်အလှန် ပဋိပက္ခတွေ ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။ အလုပ်သမားတွေဟာ Grandpuits ရေနံချက်စက်ရုံရှေ့မှာ စခန်းချပြီး၊ ရက်အတော်ကြာ ဆန္ဒပြနေတဲ့အတွက် စက်ရုံထဲ ဝင်လို့မရနိုင်ပဲ ဖြစ်ခဲ့ရသလို နိုင်ငံအဝန်း လောင်စာပြတ်လပ်မှုတွေလည်း ကြုံခဲ့ရတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG