သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် ငါးဖမ်းလှေအုပ်စု တောင်တရုတ်ပင်လယ် အငြင်းပွားနယ်မြေသွားရောက်


တောင်တရုတ်ပင်လယ်အတွင်း တရုတ်ဘက်က ထိန်းချုပ်ထားတဲ့ ရေပြင်ပိုင်နက်ဘက်ကို
ဖိလစ်ပိုင် ငါးဖမ်းစက်လှေတွေ သွားရောက်နေစဉ် (မေ ၁၅၊ ၂၀၂၄)
တောင်တရုတ်ပင်လယ်အတွင်း တရုတ်ဘက်က ထိန်းချုပ်ထားတဲ့ ရေပြင်ပိုင်နက်ဘက်ကို ဖိလစ်ပိုင် ငါးဖမ်းစက်လှေတွေ သွားရောက်နေစဉ် (မေ ၁၅၊ ၂၀၂၄)

ဖိလစ်ပိုင် ငါးဖမ်းစက်လှေ ဒါဇင်နဲ့ချီပြီး တောင်တရုတ်ပင်လယ်တွင်း တရုတ်ဘက်က ထိန်းချုပ်ထားတဲ့ ရေပြင်ပိုင်နက်ဘက်ကို ဒီကနေ့ ဦးတည် သွားရောက်ခဲ့ကြပါတယ်။ လိုအပ်တဲ့ စားရေးရိက္ခာ ပို့ဆောင်ဖို့အပြင် သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ဒေသတွင်းမှာ လွတ်လပ်စွာသွားလာနိုင်တဲ့ အခွင့်အရေးကိုလည်း ကျင့်သုံးတဲ့အနေနဲ့ ငါးဖမ်းစက်လှေတွေ အခုလို သွားရောက်တာပါ။ ငါးဖမ်းသမားတွေဟာ ဖိလစ်ပိုင်အလံငယ်လေးတွေကို ဝှေ့ယမ်းပြီး ဖိလစ်ပိုင်ဟာ တို့နိုင်ငံ၊ တရုတ်တွေ ထွက်သွား ဆိုပြီးတော့လည်း ကြွေးကြော်ကြပါတယ်။

တောင်တရုတ်ပင်လယ်အတွင်းက Scarborough Schoal ကျွန်းစုအနီးမှာ တရုတ်ကမ်းရိုးတန်းစောင့် စစ်သင်္ဘောတွေဟာ ဖိလစ်ပိုင် သင်္ဘောနှစ်စီးကို ရေပိုက်နဲ့ထိုးခဲ့အပြီး ၂ ပတ်အကြာ ဒီကနေ့မနက်ပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံသား ၂၀၀ လောက်ဟာ ငါးဖမ်းစက်လှေ အကြီး ၂ စီးအပြင် စက်လှေငယ်လေးတွေ ဒါဇင်နဲ့ချီ စုဝေးပြီးသွားရောက်တာပါ။

နာရီပိုင်း အကြာမှာတော့ ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်သင်္ဘောဟာ ငါးဖမ်းစက်လှေတွေဆီလာပြီး အစားအစာ၊ ဓါတ်ဆီအပြင် ရေပြင်နယ်နမိတ်သတ်မှတ်တဲ့ ဘောလုံးတွေကိုလည်း ချပေးခဲ့ပါတယ်။ အဲဒီ ရေပေါ်ဘောလုံးတွေအပေါ်မှာ အနောက် ဖိလစ်ပိုင် ပင်လယ် အတိုကောက်၊ WPS လို့ရေးထားပါတယ်။

ဒါ့အပြင် Scarborough Shoal ကျွန်းစု ရေပြင်မှာ ငါးဖမ်းနေကြသူတွေအတွက် အစားအစာ ပို့ဆောင်ပေးဖို့ ဆက်လက် သွားရောက်မှာဖြစ်ကြောင်းလည်း ငါးဖမ်းစက်လှေနဲ့ လာကြသူတွေက ကြေညာချက်ထုတ်ပြန်ပါတယ်။ လက်ရှိအချိန်ထိတော့ သူတို့ သွားရာလမ်းမှာ တရုတ်ကမ်းရိုးတန်းစောင့် သင်္ဘောတွေကို မတွေ့ရဘူးလို့လည်း သူတို့က ပြောပါတယ်။ အခုလိုသွားရောက်သူတွေကို အကာအကွယ်ပေးဖို့ ကမ်းရိုးတန်းစောင့် သင်္ဘောတွေ စေလွှတ်ထားကြောင်း ကမ်းရိုးတန်းစောင့်တပ် တာဝန်ရှိသူတွေက ထုတ်ပြန်ထားတာပါ။ ဖိလစ်ပိုင်လို Panatag လို့ခေါ်တဲ့ Scarborough Shoal ကျွန်းစုကို တရုတ်နိုင်ငံက ၂၀၁၂ ခုနှစ်မှာ ဖိလစ်ပိုင်ဆီကနေ သိမ်းပိုက်ထားတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG